အပိုင်း၂ ကဲဒါဆိုနှစ်​​ယောက်​​ပေါင်းပြီးလူ​တေကို ကလဲ့စား​ချေကြစို့

18.3K 2.4K 162
                                    

((Zawgyi))

အပိုင်း ၂
"ကဲဒါဆိုနှစ်​​ယောက်​​ပေါင်းပြီးလူ​တေကို
ကလဲ့စား​ချေကြစို့"

နေမင်းကြီးသည်​ မိုးကုတ်​စက်​၀ိုင်းကို ​ကျော်​၍ ၀င်​​ရောက်​​ပျောက်​ကွယ်​သွား​သည်
ညဘက်​​ရောက်​​တော့ ကွင်းပြင်​ကြီးမှာ အလွန်​ ​အေးစက်​စက်​နိုင်သည်
လမ်းမီးတိုင်​များမှာလည်း မှိန်​ပျပျ​လေး ထွန်းလင်း​နေသည်
ထိုဖက်​တီး နှင့်​ ယုဟိုက်​နင်​တို့ ထွက်​သွားပြီးအချိန်​အ​တော်​ကြာသည်​အထိ ၀မ်​ကွမ်းနင်​ နှင့်​ ကျန်းလင်​ရိ တို့မှာ ​နေရာမှာပင်​ မလှုပ်​မယှက်​ ကြက်​​သေ​သေ​လျက်​...
လေ​အေးတစ်​ချက်​ ပင့်​တိုက်​သွား​ပြီးတဲ့​နောက်​ ကျန်းလင်းရိက ​နောက်​ဆုံးမှာ စကားစတင်​​ပြောလာတယ်

"မင်း ​ပြောကြည့်​စမ်း...ခုနက လူကြီးက ယုဟိုက်​နင်​ ရဲ့ ချစ်​သူလား"

တကယ်​​တော့ ပုံမှန်​​တွေး​တော နိုင်​စွမ်းရှိတဲ့ ဘယ်​သူမဆို ယုဟိုက်​နင်​နဲ့ အဲ့ဖက်​တီးရဲ့ ပတ်​သတ်​မှုကို မှန်းကြည့်​လို့ရ​နေပြီ​လေ.... ကျန်းလင်​ရိက ဒီ​မေးခွန်းကို သူ့ကိုယ်​သူ ​ဖြေသိမ့်​နိုင်​ဖို့အတွက်​ ​မေးလိုက်​ခြင်းဖြစ်​သ​ည်

"​ကျေးဇူးပြုပြီး အဲ့​မေးခွန်းကြီး မ​မေးစမ်းပါနဲ့ကွာ"

ဝမ်​ကွမ်းနင်​က သူ့​ခေါင်းကို အုပ်​ကိုင်​ပြီး စိတ်​​သောက​ရောက်​စွာ ​ပြောလိုက်​သည်

"ဒီစကား​မျိုး ​ပြောရတာ အဲ့ဖက်​တီးအစုတ်ပလုတ်​​နဲ့ ယှဉ်​လိုက်​ရင်​ ငါက သုံးစားမရတဲ့​ကောင်​ ဖြစ်​သွားသလို ခံစားရတယ်​ အဲ့ဒါထက်​ ယုဟိုက်​နင်​က အဲ့လူကြီးရဲ့ အငယ်​အ​နှောင်းဖြစ်​​နေတာ​တော့ အ​သေအချာပဲ"

ကျန်းလင်​ရိက ​ခေါင်းကို အ​ပေါ်​မော့ပြီး သက်​ပြင်းတစ်​ချက်​ ရှိုက်​လိုက်​သည်​ တို့​နောက်​ ​မြေကြီး​ပေါ်​​လက်​​နောက်​ပြန်​​ထောက်​ရင်း ​ပြောလိုက်​သည်

"မိန်းမ​တွေများ ဘာလို့များ အဲ့သ​လောက်​ လက်​​တွေ့ကျလွန်းတာပါလိမ့်​ကွာ"

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Hikayelerin yaşadığı yer. Şimdi keşfedin