အပိုင်း ၄၂ အရုပ်​​ကောက်​တာ ​အောင်​မြင်​မှာလား မ​အောင်​မြင်​ဘူးလား ဆိုတာ

10.8K 1.6K 285
                                    

((Zawgyi))

အပိုင်း ၄၂
အရုပ်​​ကောက်​တာ ​အောင်​မြင်​မှာလား မ​အောင်​မြင်​ဘူးလား ဆိုတာ


ဝမ်​ကွမ်းနင်​ ခန်းမအပြင်​ဘက်​ကို ​ပြေးထွက်​လာခဲ့တယ်​. ကျန်းလင်ရိက​တော့ ဘယ်​​ရောက်​သွားမှန်း မသိ​အောင်​ ​ပျောက်​ကွယ်​သွားတယ်

ဝမ်​ကွမ်းနင်​က ခန်းမကြီးထဲက​နေ ဟိုတယ်​တံခါး​ပေါက်​အထိ​ရောက်​​အောင်​ ​ပြေးထွက်​သွားတယ်​. လမ်းမကြီး​ပေါ်မှာ လူ​တွေပြည့်​နှက်​​နေ​ပေမယ့်​ ကျန်းလင်​ရိရဲ့ အရိမ်​အ​ယောင်​ကို အစအန​တောင်​ရှာမရဘူး

ဝမ်​ကွမ်းနင်​ဟာ လမ်းမကြီးရဲ့တစ်​ဘက်​တစ်​ချက်​ကို အစုံအဆန်​ကြည့်​​နေတယ်​. ဒါ​ပေမယ့်​ သူဟာ ကျန်းလင်​ရိနဲ့ တူတဲ့သူတစ်​​ယောက်​​​တောင်​ မ​တွေ့ဘူး. ၀မ်ကွမ်းနင်​မှာ ​ရွေးချယ်​စရာမရှိတဲ့အဆုံး ဖုန်းကိုထုတ်​လိုက်​ကာ ကျန်းလင်​ရိဆီဖုန်း​ခေါ်လိုက်​တယ်

ဖုန်း​ခေါ်သံ ခဏ​လောက်​မြည်​သွားပြီး​နောက်​ တစ်​ဖက်​လူက ဖုန်းကိုင်​လာတယ်

"​ဟေး"

ကျန်းလင်​ရိအသံက အနည်းငယ်​ အား​ပျော့​နေတယ်​.

"မင်း ဘာလို့ တစ်​၀က်​တစ်​ပျက်​နဲ့ ထွက်​​ပြေးသွားရတာလဲ? အခမ်းအနားက မပြီး​သေးဘူး​လေ!"

"အဲ့​တော့ ဘာဖြစ်​လဲ?"

ကျန်းလင်​ရိက ​ပြောလိုက်​တယ်​. သူ့အသံက သူ့ကိုယ်​သူဖြစ်​ချင်​ရာဖြစ်​​ပါ​စေ​တော့ဆိုတဲ့ အရိပ်​အ​ယောင်​​တွေပါ​နေတယ်​.

"ငါ့မှာ ဖက်​ထားစရာ ​မိန်းမလှ​လေးမှ မရှိတာ"

အဲ့​တော့ ကျန်းလင်​ရိက ပွဲမပြီးခင်​ တစ်​၀က်နဲ့ ထထွက်​သွားရတဲ့အ​ကြောင်းက ရှရင်းချူကို သူ မနာလိုဖြစ်​​နေလို့​ပေါ့​လေ? ​နေစမ်းပါဦး သူမက ဘယ်နားမှာများ အားကျစရာ​ကောင်း​နေလို့လဲ?

ဝမ်​ကွမ်းနင်​ ​တွေးလိုက်​တယ်​.

"ဘာပဲဖြစ်​ဖြစ်​ မင်းက ​ကောင်​မ​လေးရသွားပြီပဲ ငါဘာလုပ်​​နေလဲဆိုတာ ဂရုစိုက်​​နေ​သေးလား?"

အစစ်မကိုကျော်လွန်၍ ရက်ပေါင်း (၃၀) [မြန်မာဘာသာပြန်] (Completed)Where stories live. Discover now