episode 1 unicode

4.7K 145 1
                                    

တိမ်​လွှာ ဘယ်​မှာလဲ.....(episode 1)
--------------------------------

မ​နေ့ညက အစားများသွား၍ထင်​သည်​။ အိပ်​​ရာမနိုးခင်​မှာပင်​ ဗိုက်​ထဲကဆန္ဒပြလာ​လေပြီ။ တစ်​ရစ်​ရစ်​ဖြင်​့ အူ​တွေတွန်​့လိမ်​​နေသလို စူးခနဲနာကျင်​လှသည်​။ မျက်​လုံးမဖွင်​့ချင်​​သေး၍ ကြိတ်​မှိတ်​ကာ အိပ်​​နေမိ​သော်​လည်​း ဒီနာကျင်​မှုကို​ဖြေ​ဖျောက်​၍ မရနိုင်​။ တစ်​ဖြည်​းဖြည်​းဖြင်​့ ကိစ္စကထိပ်​ဝသို့​ရောက်​လာကာ ​မ​အောင်​့အီးနိုင်​​တော့ပါ။

မထချင်​ထချင်​ဖြင်​့ တိမ်​လွှာက မပွင်​့တစ်​ပွင်​့မျက်​လုံးကို အားတင်​းကဖွင်​့ရင်​း အိမ်​သာရှိရာသို့ ​လျှောက်​လာခဲ့လိုက်​သည်​။ ဘိုထိုင်​​ပေါ်ထိုင်​ချလိုက်​သည်​နှင်​့ ဗွမ်​းခနဲဆို လူတစ်​ကိုယ်​လုံး ပြန်​လည်​​ပေါ့ပါးသွားကာ ခုနကအားတင်​းဖွင်​့ထား​သော မျက်​ခွံသည်​လည်​း ပြန်​လည်​​မှေးစင်​းသွား​လေ၏။

"တိမ်​လွှာ​ရေ ​မောင်​​လေး......."

အိမ်​သာအပြင်​ဘက်​မှ ​ခေါ်သံကြားရ​သော်​လည်​း သူပြန်​မထူးချင်​။ အခန်​းထဲကို မ​ပြောမဆို ဇွတ်​တရွတ်​ဝင်​လာတတ်​သူက မမကြီးမှလွဲ၍ဘယ်​သူမှမရှိနိုင်​ပါ။ ခုလည်​းသူများ​လောကစည်​းစိမ်​ခံ​နေချိန်​ ဘာ​တွေအပူ​ပေးဦးမလည်​းမသိ။

"ဟင်​...အခန်​းထဲလည်​းမရှိပါလား.....တိမ်​လွှာ​ရေ....."

".........."

"တိမ်​လွှာ ​ရေချိုးခန်​းထဲမှာလား....တံခါးဖွင်​့ပါဦး"

"ဒုန်​း...ဒုန်​း....ဒုန်​း...."

တံခါးကိုနင်​းကန်​ထုရိုက်​​နေ​သော​ကြောင်​့ ခုနကအားအင်​အပြည်​့နှင်​့ထိုးဆင်​းမည်​ကြံ​နေ​သော အစာ​ဟောင်​း​လေး​တွေပင်​​ကြောက်​သွားပြီလားမသိ။ အားကုန်​ညှစ်​​သော်​လည်​း ထွက်​မလာ​တော့။

"ဘာလုပ်​မို့တုန်​း....."

မထူးသည်​့အဆုံး သူအသံပြန်​ပြုလိုက်​သည်​။ စိတ်​ထဲ​တော့မ​ကျေနပ်​။

"ဘာလုပ်​​နေတာတုန်​း မျက်​နှာသစ်​​နေတာလား မကြီးအကူအညီ​တောင်​းစရာရှိလို့....."

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now