episode 14 unicode

725 45 0
                                    

တိမ်လွှာ ဘယ်မွာလဲ....(episode 14)
---------------------------------

စားပွဲထက်က နာရီကိုကြည့်မိတော့ ညဆယ်နာရီတိတိ။
ဦးနဲ့မတွေ့ရသည်မှာ နှစ်လ၊ ဆယ့်လေးရက်၊ သုံးနာရီနှင့် လေးဆယ့်ငါးမိနစ်တိတိရှိခဲ့ပါပြီ။

ခုနေများ ဦးနှင့်တွေ့ခဲ့ပါလျှင် 'တစ်နေ့တစ်နေ့ ဘာတွေလုပ်လဲသားဟု မေးလာခဲ့သည်ရှိသော် ဖြေဖို့အတွက် စကားများရခဲ့ပြီ။ မနက်နိုးနိုးခြင်း ဦးကို ကျွန်ေတာ်သတိတစ်ခါရပါတယ်။ အလျင်လို အေးအေးဆေးဆေးနေရတဲ့ဘဝမဟုတ်တော့ အလုပ်သွားဖို့ပြင်ဆင်ရပါတယ်။ မမကြီးရဲ့အကူအညီနဲ့ သူ့အသိတစ်ယောက်ရဲ့ Mini martတစ်ခုမွာ အရောင်းဝန်ထမ်းအလုပ်ကိုရခဲ့တယ်ဦး။ တစ်လဝင်ငွေ တစ်သိန်းသုံးသောင်းနဲ့ ကျွန်တော်ချွေချွေတာတာသုံးတတ်ခဲ့ပါပြီ။ အလျင်လို အမျိုးတွေဆီက မုန့်ဖိုးကိုလက်ဖြန့်တောင်းတဲ့စိတ်ကူးတွေလည်းမတွေးတတ်တော့ပါဘူး။ အဆောင်လခ သုံးသောင်းကိုဖယ်ပြီး ဘဲဥချဉ်ရည်ဟင်းနဲ့ ထမင်းတစ်နပ်ကိုမြိန်သလိုစားလိုက်လျှင် တစ်လသုံးသောင်းလောက်တော့ဆုမိပါတယ်။ ကျောင်းတက်ဖို့အတွက် မမငယ်ကကူညီပေးပြီး ကျောင်းတွေဖွင့်တော့မှာမို့ ကျွန်တော် ငွေကိုတတ်နိုင်သလောက်ခြစ်ကုပ်ဆုနေမိတယ်။ မမကြီးနဲ့မမငယ်ဆီကလည်း လက်ဖြန့်မတောင်းချင်ပါဘူး။ သူတို့နှစ်ယောက်ကတော့ နှစ်ပတ်တစ်ခါလောက်ဖေဖေတို့မသိအောင် လာတွေ့ကြတယ်။ ဖေဖေတို့သိချင်လည်းသိမွာပါလေ။

ဒီလကုန်ရင်တော့ အခန်းဖော်တစ်ယောက်က ဆယ်တန်းကိုက်လုပ်ဖို့ သူ့အသိတစ်ယောက်နဲ့ဆက်ပေးမယ်ပြောတယ်ဦးရယ်။ ကိုက်တစ်ယောက်နှစ်ယောက်လောက်ရရင် သားအတွက်ကျောင်းစားရိတ်ပိုကာမိတာပေါ့ မဟုတ်ဘူးလားဦး။

တစ်နေ့က ဈေးထဲမှာလိုတဲ့ပစ္စည်းလေးဝယ်ရင်း ဦးကိုပြင်းပြင်းထန်ထန်သတိရလာလို့ ဦးတို့ဆိုင်ဘက်ခြေဦးလှည့်ခဲ့မိတယ်။ ဒီဘက်ကားလမ်းကနေ ဦးကိုတွေ့လိုတွေ့ညားကြည့်နေမိခဲ့ပေမယ့်
ခြံထဲ ချိုးဝင်သွားတဲ့ဦးရဲ့ကားကို မြင်တော့ ကျွန်တော်ပုန်းေနမိခဲ့ပြန်တယ်။ မျက်နှာချင်းမဆိုင်ရဲတဲ့ ကျွန်တော့်ကိုခွင့်လွှတ်ပါနော်။ သားသားမူကြိုတက်နေပြီဆိုတော့ သူငယ်ချင်းတွေလည်းရနေပြီထင်တယ်။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now