episode 6 unicode

1K 72 0
                                    

တိမ်လွှာ ဘယ်မွာလဲ....(episode 6)
-------------------------------

"ဦးကိုဖြေရှင်းခွင့် ပေးပါဦးလားကွာ..."

ဖမ်းဆုပ်ကိုင်ကာ ဆြဲထားသော ဦး၏လက်အတွင်းမွ သူရုန်းပြစ်လိုက်ချင်သည်။ သို့ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပတ်ဝန်းကျင်မှာအကျယ်တစ်ဝင့်ဖြစ်သွားမည်ကိုလည်း စိုးရသည်။

"ဟင့်အင်း မဖြေရှင်းနဲ့၊ ခင်ဗျားကိုရွံတယ် သိလား...."

တစ်ခါမွ ဒီလောက်ထိကြမ်းတမ်းသောစကားကို သူမဆိုခဲ့ဖူးပါ။ ပထမဆုံးချစ်ရတဲ့သူအတွက် ပထမဆုံးကြမ်းတမ်းတဲ့စကားကိုဆိုခဲ့မိခြင်းဖြစ်ပါသည်။

"ဦးဘာလုပ်ပေးရမလဲ၊ ဦးဒူးထောက်ပြီးတောင်းပန်ရမလားဟင်၊ သားကျေနပ်မယ်ဆို ဦးသိက္ခာတွေကိုလည်းထည့်မတွက်ပါဘူး၊ ဒါပေမဲ့ ဦးကိုထားပြီး မသွားပါနဲ့နော်၊ ဦးတောင်းပန်ပါတယ်ကြာ"

ဦးက တကယ်ကြီးဒူးထောက်တော့မည့်အသွင် ထိုင်ရာမှထလိုက်သည်။ ဦး၏အသံသည် ရေနူးနေသော သစ်ရွက်ခြောက်လေးလို နွမ်းလ်လ်။ ဦး၏မျက်နှာသည် နေလောင်ပန်းကလေးလို ညိုးညိုးငယ်ငယ်။ သူ့တစ်ကိုယ်လုံးကတော့ ဦးနှင့်ဆန့်ကျင်ဘက် တောင့်တင်း၍ ခက်ထန်နေပေသည်။

ဦးသည် ဒူးကိုညွတ်ချရန်ဟန်ပြင်ပြန်သည်။

"ဒါဘာလုပ်တာလဲ၊ ကျုပ်ကိုတမင်အရှက်ခြဲနေတာလား...."

ဦးသည်ခေါင်းကိုငုံ့လျက်သာ....

"သားကျေနပ်အောင်ပါကြာ၊ မနေ့ကတည်းက ဦးသားဆီကနေကတိတောင်းခဲ့တယ်လေ၊ ဘာဖြစ်ဖြစ်ဖြေရှင်းခွင့်ပေးပါလို့....၊ နောက်ဆုံးအနေနဲ့တော့ ဦးကိုဖြေရှင်းခွင့်ပေးပါကွာ၊ ပြီးမှ သားဆုံးဖြတ်ချင်သလိုဆုံးဖြတ်ပါ..."

ဦးက နောက်ဆုံးကျန်သည့်အခွင့်အရေးလေး တစ်မျှင်ကို အမိအရာလှမ်းဆွဲချင်နေပုံပေါ်သည်။ ကောင်းပြီ...။ ဒီအခွင့်အရေးသည် ဦးအတွက်ဖြစ်လာစေရမည်။

"ခင်ဗ်ားကို ဖြေရှင်းခွင့်ပေးမယ် ...."

"ကျေးဇူးပါကွာ...ဦးရဲ့ကားပေါ်သွားမယ်နော်...ဒီမွာမဖြေရှင်းချင်လို့ပါ၊ လိုက်ခဲ့ပေးပါနော်"

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now