episode 3 unicode

1.2K 78 3
                                    

တိမ်​လွှာ ဘယ်​မှာလဲ.....(episode 3)
--------------------------------

ဒီ​နေ့ဟိုဦး​လေးကြီးကို သူမ​တွေ့ရပါ။ အသားနှင်​့ဟင်​းရွက်​များယူပြီးသည်​အထိ ​ကောင်​တာတွင်​ ဦး​လေးကြီးရှိ​မ​နေပါ။ ​ဝေ့ဝဲကြည်​့ပြန်​​တော့လည်​း အနီးအနားတွင်​မရှိ။ သူဘယ်​​တွေ​ရောက်​​နေပါလိမ်​့ကွယ်​။ သူဒီကိုလာရခြင်​းအ​ကြောင်​းအရင်းက ထိုလူကြီး​ကြောင်​့မဟုတ်​လား။ ​ဟော့​ပေါ့စားချင်​သည်​ဆို​သော်​လည်​း သူကြိုက်​လှသည်​့ မှိုဝက်​သားလုံးသည်​ ဒီဆိုင်​တွင်​မရပါ။ သူစားချင်​မှ​တော့ ​ရွှေလာတွင်​သာသွားစားလိုက်​မည်​​ပေါ့။
ခု​တော့ တကူးတကဆိုင်​ကယ်​တက္ကစီနှင်​့လာခဲ့ရသည်​ကိုပင်​ နှ​မြော​နေမိသည်​။ ခုလိုဆို ထိုဦး​လေးကြီးကို အကဲခတ်​ပြီး သူ့ကိုယ်​သူစမ်​းစစ်​ရမည်​့​အ​တွေးကို ​မေ့ပစ်​လိုက်​ရ​တော့မည်​​ပေါ့။ ​နေဦး...မဟုတ်​​သေးပါဘူး။ ဒီဦး​လေးကြီးကိုလာကြည်​့ပြီး ဦးတင်​ကိုကိုရဲ့ပရိုပိုစ်​့ကို စဉ်​းစားဖို့ဆိုသည်​က သ​ဘောတရားလွဲ​နေသလိုပင်​။ ဦးတင်​ကိုကိုက ဒီဦး​လေးကြီးလိုခန်​့ညားနိုင်​ပါ့မလား။ ရုပ်​ကိုမြင်​ဖူးတာလည်​းမဟုတ်​။ ဒီဦး​လေးကြီးကို တိမ်​လွှာက တစ်​ဖက်​သတ်​ချစ်​သည်​ဆိုပြန်​​ဦး သူ့အချစ်​က ဒီဦး​လေးကြီးနှင်​့ပဲ သက်​ဆိုင်​လိမ်​့မည်​မဟုတ်​လား။ ဘယ်​လိုလုပ်​ ဦးတင်​ကိုကိုဘက်​​ပြောင်​းပြီးချစ်​နိုင်​ပါ့မလဲ။ စိတ်​ရှုပ်​ဖို့​ကောင်​းလိုက်​တာ။ ဒီလူကြီးနှစ်​​ယောက်​ကြားထဲမှာပင်​ သူ့အ​တွေး​တွေက ဟို​ရောက်​လိုက်​ဒီ​ရောက်​လိုက်​ဖြင်​့ ​ရောက်​တက်​ရာရာ​ရောက်​၍​နေသည်​။ ဘာလုပ်​ရမှန်းစဉ်​းစား၍မရ​သော​ကြောင်​့ ကင်​ထား​သောအကင်​များကိုသာစားရန်​ ဆုံးဖြတ်​ချက်​ချလိုက်​​တော့သည်​။

"Side dish အတွက်​ မာလာရှမ်​း​ကော​တွေရပြီ...."

အို...ဒါဟိုလူကြီးအသံပါ။ သူ​မော့ကြည်​့လိုက်​​တော့ ထိုလူကြီးက လင်​ဗန်​းကြီးတစ်​ခုကိုကိုင်​ပြီး kitchen ​ရှေ့တွင်​ရပ်​​နေ​လေသည်​။ ပြီး​တော့ တိမ်​လွှာ့ဘက်​ကို အကဲခတ်​ကြည်​့သလို တစ်​ချက်​​ဝေ့ကြည်​့ပြီး​နောက်​ stuff တစ်​​ယောက်​ကို သူ့လင်​ဗန်​းကြီးထိုး​ပေးလိုက်​သည်​။ ထိုလူကြီးက kitchen ထဲပြန်​ဝင်​သွား​လေသည်​။ ​ဟော​တော်​ အဲ့အခန်​းထဲသူဘာ​တွေအလုပ်​ရှုပ်​​နေပါလိမ်​့။ သူ့ကိုတကူးတကလာကြည်​့တဲ့သူတစ်​ေ​ယာက်​အတွက်​​ ​ကောင်​တာ​ပေါ်တွင်​ထိုင်​​နေ​ပေးဖို့​ကောင်​းသည်​။ ဒီလူကြီးလည်​း လူအတစ်​​ယောက်​​ပေလားမသိ အနည်​းဆုံး​တော့ လူတစ်​​ယောက်​ရဲ့ မျက်​နှာရိပ်​မျက်​နှာထားကို အကဲခတ်​တတ်​ရမည်​မဟုတ်​လား။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now