episode 11 unicode

774 48 0
                                    

တိမ်လွှာ ဘယ်မွာလဲ....(episode 11)
--------------------------------

"သား...နေသာရဲ့လား...."

မွေ့ရာထက်၌ သက်တောင့်သက်သာရှိစေရန် ကိုယ်ကိုဖျော့ကာလှဲအိပ်နေသော်လည်း ဗိုက်ထဲမွ စူးစူးစပ်စပ်နှင့်နေသာထိုင်သာမရှိလှပါ။ သို့သော်လည်း ဦးကိုအပူမပေးချင်လို၍ သွေးဝမ်းသွားသည်ကိုပင်မပြောပြပဲ ခပ်လေးလေးပြုံးရင်း ခေါင်းညိတ်ပြလိုက်ပါသည်။

ဒီနေ့တော့ သားသားသည် တိမ်လွှာတို့နှင့်လာဝင်တိုးကာ တိမ်လွှာ၏ဘယ်ဘက်လက်မောင်းပေါ်မေးတင်၍ သူ့မျက်နှာကိုတစ်စိမ့်စိမ့်ငေးနေရှာသည်။ ဦးကတော့ တိမ်လွှာ၏ ညာဘက်ခြမ်းတွင် တစ်စောင်းလေးလှဲနေပြီး တိမ်လွှာ့ဆံသားများကို လက်ချောင်းများဖြင့်ဖွသပ်လျက်ကစားနေပါသည်။

"ဦးငယ်က ဘာဖြစ်တာလဲဖေဖေ...."

"အစားမ်ားတာလေ၊ သားလည်း အဲ့လိုလျှောက်မစားရဘူးနော်...."

"ဟုတ်......."

သားသားသည် ပြောပြောဆိုဆိုဖြင့် ခေါင်းအုန်းပေါ်သို့ခေါင်းကိုအုန်းရင်း မမှီမကမ်းဖြင့် တိမ်လွှာ၏ ရင်ဘက်ကိုလှမ်းဖက်ကာ
ဝမ်းဗိုက်ပေါ်သို့လည်း ခြေတိုလေးဖြင့်လှမ်းခွရင်း တိမ်လွှာ့ပေါင်ပေါ်သို့တင်ထားသော ဦး၏ဒူးခေါင်းလေးကို လှမ်းကန်ထုတ်လေသည်။

"အောင်မာ...အဖေ့နေရာကိုလာလုနေသေးတယ် ဒီကလေး...."

အို...ဦးဟာလေ ကလေးနဲ့အပြိုင်...။ တမင်သက်သက် သားသားကိုစနောက်ခြင်းဖြစ်သော်လည်း အဲ့လိုပေါက်ကရလျှောက်ပြောတတ်သည်ကို သူမကြိုက်ပါ။ မကြိုက်ဟုဆိုပြန်တော့လည်း တိမ်လွှာလိုချင်သည့် မိသားစုဘဝလေးကြားတွင်တော့ ကြည်နူးစရာကောင်းသည့်စကားလေးတစ်ခွန်းဖြစ်ပါသည်။

"ဘာတွေလျှောက်ပြောနေတာလဲ၊ ကလေးကို....."

"ဟုတ်တယ်လေ....မဟုတ်လို့လား၊ ဘာလို့လာကန်နေတာလဲ...."

ကြည့်စမ်း....ဦးဟာပြောလေကဲလေပါလား...။ မှတ်လောက်သားလောက်အောင် ဦး၏ပေါင်တွင်းကြောကိုနာနာလေးဆွဲလိမ်ပစ်လိုက်သည်။ ပြီးနောက် သားသား၏ဘက်သို့လှည့်၍ ထွေးကာဖက်လိုက်တော့ သားသားကလည်း ပြန်လည်ကာဖက်လေသည်။ သားသားဟာ သူ့ကိုနောက်ဆိုလျှင်ရော ဒီလိုချစ်နိုင်ပါ့ဦးမလားဟင်။ သားသားအသက်ကြီးလာလျှင်ရော ဦးနဲ့သူ့ရဲ့ဖြစ်တည်မှုကိုလက်ခံပေးနိုင်ပါ့မလား။ သားသားလက်ခံလာအောင်ဘာလုပ်သင့်လဲ။ ဦးကတော့ပြောသည်။ သားသားဟာ တိမ်လွှာကိုအရမ်းချစ်ပြီးအားကိုးလာမှာတဲ့။ ဦးရဲ့အဲ့ဒီစကားလေးတွေကို သူယုံကြည့်ချင်သည်။ သို့ရာတွင် ယုတ္တိဗေဒနည်းနဲ့ပြန်စမ်းစစ်ကြည့်ပြန်တော့ သားသားလက်ခံလာအောင် တိမ်လွှာဘာမှမကြိုးစားရသေးပါ။ ဒီလိုသံယောဇဉ်ကြိုးလေးကရော တစ်ချိန်ကျလျှင် သားသားနားလည်ပေးနိုင်အောင် စွမ်းဆောင်နိုင်ပါ့မလား။ သူ့အဖေဟာဒီလိုမျိုးဖြစ်နေသည်ကို ပတ်ဝန်းကျင်ကလက်ညိုးထိုးလျှင်ရော သားသားကခံနိုင်ရည်ရှိပါ့မလား။ ပြောပြစမ်းပါဦး ဦးရယ်။ သားဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပါဦး။ အို...ဘယ်လိုပဲဖြစ်ပါစေ။ သားသားဟာ တစ်နေ့တော့ သူ့ကိုအားကိုးယုံကြည်ပြီးလက်ခံလာရမည်။ သားသားလက်ခံလာအောင်သူကြိုးစားရမည်။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now