episode 18 unicode

1.4K 55 0
                                    

တိမ်လွှာ ဘယ်မွာလဲ...(episode 18)
-------------------------------

မိုးသီးမိုးပေါက်မ်ား မှန်ပြတင်းတံခါးသို့ တဖြန်းဖြန်းဖြင့် လာရောက်ပက်စင်သည့်အချိန်တွင် တိမ်လွှာသတိပြန်ရလာသည်။
အပြင်ဘက်တွင် မြူများကဝေလို့်၊ လေကလည်းကြမ်းလို့၊ မိုးကလည်း ဖြိုင်နေပါပေါ့လား။ သူလွဲနေသည့်နေရာသည် သူ့အခန်းထဲရှိ ကုတင်ပေါ်တွင်မဟုတ်မှန်းသိလိုက်ရသည့်အခါ လူးလဲထရန်အားယူလိုက်ပါသည်။

"ကျွတ်...ကျွတ်...ကျွတ်"

ဗိုက်ထဲကနာကျင်မှုသည်ခုထိမပျောက်သေးပါလား။ လက်ဖျံကစူးခနဲနာကျင်နေ၍ ဆေးပုလင်းချိတ်ထားမှန်းသူသိလိုက်သည်။ နောက်ဆုံးတော့လည်း တိမ်လွှာမလာချင်သည့် ဆေးရုံသို့ရောက်နှင့်နေပြီ။

"သားငယ်...."

မေမေ့အသံသည် နင့်သီးကြေကွဲနေပြီး မေမေ့မျက်နှာသည် နွမ်းလ်၍နေသည်။

"ကျွန်တော့်ကို ဘာလို့ဒီခေါ်လာတာလဲ၊ ကျွန်တော်ဘာမှမဖြစ်ဘူး"

"သားငယ်ရယ် ခေါင်းမာမနေနဲ့တော့လေ၊ သားရဲ့အခြေအနေကိုမေမေတို့အားလုံးသိပြီးပါပြီ...၊ သားကဘာဖြစ်လို့ တစ်ယောက်တည်းကြိတ်ခံချင်နေရတာလဲ....."

မေမေသည် ပြောနေရင်းမွ မျက်ရည်မ်ားစွေကျလာသည်။ မေမေ၏ ဘေးရှိဖေဖေသည်လည်း မျက်နှာမကောင်းလွပါ။

"ဟင့်အင်း...ကျွန်တော့် အခြေအနေကိုကျွန်တော်မသိချင်လို့ ဆေးခန်းတောင်မျပပဲနေလာတာ"

"သားငယ်ရယ်....အဲ့ဒါကြောင့် အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့ပေါက်ရတော့မှာပေါ့....."

ပူဆွေးနေသည့် မေမေတို့မျက်နှာကိုမမြင်ချင်၍ တစ်ဖက်သို့ သူစောင်းငဲ့လိုက်ရသည်။ ဘာကြောင့်ခုလိုတွေဖြစ်လာခဲ့ရသနည်း။ အရှုံးကိုရင်မဆိုင်ချင်လို့၊ လက်မြှောက်ပေးရတော့မယ့်အဖြစ်ကို မသိချင်လို့ တိမ်လွှာခုလို အတ္တကြီးခဲ့မိတာ မှားခဲ့ပြီလား။ သူ့ရည်မှန်းချက်တွေ၊ သူ့မျှော်လင့်ချက်တွေ ဘာတစ်ခုမွတောင် မစရသေးပဲ ရှုံးရတော့မည့်အဖြစ်ကို မလိုချင်လို့ သူခုလိုလုပ်ခဲ့မိတာလေ။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now