episode 7 unicode

880 66 0
                                    

တိမ်လွှာ ဘယ်မွာလဲ......(episode 7)
--------------------------------

ကျွတ်....ကျွတ်...ကျွတ်

ဗိုက်ကလည်း နာလိုက်တာ။ လက်သည်တရားခံကဘယ်ဟာမ်ားလဲ။ ညက မမကြီးသုပ်ကျွေးတဲ့ လက်ဖက်သုပ်လား၊ မေမေချက်တဲ့ ဝက်သားမျှစ်ချဉ်နဲ့ ငါးပိရည်ကြောင့်လား၊ ဒါမှမဟုတ် မမငယ်ရဲ့ ရေငန်းသီးကြောင့်များလားကွယ်။ အိမ်သာတက်ချင်၍ ရစ်ပြီးနာနေခြင်းမျိုးမဟုတ်။ စူးစူးစပ်စပ်ဖြင့်နာကျင်နေခြင်းမျိုးဖြစ်သညိ။

ဒေါက် ဒေါက် ဒေါက်

"သားလေးရေ....မထသေးဘူးလား...ဘာတွေလုပ်နေတုန်း"

အခန်းအပြင်မွ မေမေက လှမ်းအော်ခေါ်၍နှိုးနေခြင်းဖြစ်သည်။
သူစကားမပြန်သောအခါ...မေမေကအခန်းတံခါးဖွင့်၍ဝင်လာလေ၏။

"ဘာဖြစ်နေတာလဲသားလေး..."

"ဗိုက်တွေနာနေတာ မေမေရဲ့..."

စောင်ကိုခေါင်းမြီးခြုံချလိုက်ပြီး အနားစကို ဆုပ်ကိုင်ကာ ညီးညီးညူညူ စကားပြန်လိုက်သည်။ မေမေသည် တစ်ရွေ့ရွေ့လျှောက်လာရင်း သူ့အနားတွင်ထိုင်လိုက်ကာ....

"ညကအစားများသွားလို့ဖြစ်မွာပေါ့...ထထ မျက်နှာသွားသစ်၊ မနက်စာကိုခနောပဲစားလိုက်တော့နော်၊ ဆေးရောပါရော အပေါ်ကိုယူခဲ့ပေးမယ် ထထ"

မေမေက သူ့တင်ပါးရှိရာကို မှန်းတန်းပုပ်ရင်း ပြောလာသောအခါ ခြုံထားသောစောင်ကို တွန်းဖယ်လိုက်သည်။ ပြီးနောက် ငူငူငိုင်ငိုင်လေးထထိုင်ကာ မျက်နှာကိုမဲ့ပြီး နှုတ်ခမ်းလေးဆူလျက်

"ဆန်ပြုတ်ကြီးပဲမစားချင်ပါဘူး၊ ငါးခြောက်ဖုတ်ဖြစ်ဖြစ်၊ ကြက်သားဖြစ်ဖြစ် ထည့်ခဲ့ပေး၊ ကြက်ဥကာကျက်ရောလုပ်ပေး၊ ကာဖီမသောက်ဘူး ဟောလစ်ဖျော်ပေး၊ ပေါင်မုန့်နှစ်ချပ် မီးကင်ပြီးထောပတ်သုတ်ခဲ့ပေး...."

ကိုယ်လက်မအီမသာဖြစ်လျှင် ခုလိုပဲကဂျီကဂျောင်ကျတတ်သောကြောင့် မေမေက မငြင်းဆန်ပါ။

"ဟုတ်ပါပြီ ထမျက်နှာသစ်တော့..."

မေမေထွက်သွားသည့်အခါ သူကုတင်ပေါ်မှလူးလှဲထရင်း စောင်ကိုခေါက်လိုက်သည်။ ထိုအချိန်တွင် ဦးဆီမွ ဖုန်းဝင်လာလေ၏။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now