episode 13 unicode

668 47 0
                                    

တိမ်လွှာ ဘယ်မွာလဲ....(episode 13)
--------------------------------

"ဦးသင်ကိုကို......"

အိမ်အဝရောက်သည်နှင့် ခက်ထန်မာကြောသည့်အသံအနေအထားဖြင့် ဦးကိုသူလှမ်းခေါ်လိုက်ပါသည်။ ဘယ်တော့မှမျက်နှာချင်းမဆိုင်တော့ပြီဟု ဆုံးဖြတ်ထားသော်လည်း အခြေအနေတစ်ခုကြောင့် တိမ်လွှာဒီကိုလာခဲ့ရပြန်သည်။ ဒေါ်နွယ်နွယ်ဦး ဘယ်နေရာမှာရှိနေသည်ကို သူမွမသိပဲ၊ ဦးကိုသာမေး၍ ဒီကိစ္စကိုဖြေရှင်းရမည်မဟုတ်လား။

အိမ်ထဲသို့ သူလှမ်းဝင်လိုက်သည်နှင့် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင်
ဆေးလိပ်လေးခဲကာ သူ့ကိုစေ့စေ့ကြည့်နေသော ဒေါ်နွယ်နွယ်ဦးကိုမြင်တွေ့ရလေသည်။ ဦးနှင့်သားသားကိုတော့ သူမအနီးတွင်မတွေ့ရပါ။

"အော်....ခင်ဗ်ားက ဒီမှာရှိနေတာပဲကို....."

ဒေါ်နွယ်နွယ်ဦးက မလှုပ်။ မကြည်မသာမျက်လုံးများဖြင့် သူ့ကိုသာကြည့်နေပေ၏။ တင်ဆည်းထားသမ်ွ ဒေါသတွေ၊ မာနတွေကို ဖွင့်ထုတ်ပစ်လိုက်မည်ဟု ကြံရွယ်ရင်း တိမ်လွှာက ဒေါ်နွယ်နွယ်ဦးရှိရာသို့လှမ်းလိုက်သည့်အခါတွင် အနောက်ဘက် ထမင်းစားခန်းနေရာမှ ဦးထွက်လာသည်ကိုမြင်ရ၏။ ဦးဟာ ဒီအကြောင်းတွေကို မသိထားသည့်ပုံပဲ။ သူ့ကိုမြင်လိုက်ရသည်နှင့် သီး၏မေးဖျားများသည် တစ်ဆတ်ဆတ်တုန်ခါ၍လာပါသည်။

"သား....သားဒီကိုလာတယ်၊ ဦးဆီလာတာလားဟင်...."

ဦးရဲ့မျက်လုံးတွေဟာ ရီဝေစွာဖြင့် စွေ့စွေ့နီနေပါသည်။ တိမ်လွှာ ရာက်လာသည်ကို အံ့ျသသြားရသလို ဝမ်းသာသွားသည့်ပုံလည်းပေါ်လွင်ပါသည်။ တစ်ဖြည်းဖြည်းဖြင့် သူ့အနားနီးကပ်လာသော ဦးဆီမွ အလျင်လို စူးရှသည့် ကိုယ်သင်းနံ့ရရမည့်အစား မွှန်ထူနေသော အရက်နံ့ကြီးကိုသာ ထောင်းခနဲရလိုက္သည်။ ဦးဟာ တစ်ခါမှအရက်မသောက်ဖူးပါပဲနှင့်။

ဦးသည် ရီဝေပြိုးပြက်စွာဖြင့် သူ့ကိုကြည့်နေရင်းမွ သူ၏ညာဘက်လက်ဖဝါးကို လက်နှစ်ဖက်ဖြင့်လှမ်းဆုပ်ကိုင်လိုက်သည်။ ချက်ချင်းဆိုသလို ဦး၏လက်မ်ားကို သူရုတ်ချပစ်လိုက်၏။

"ခင်ဗျားနဲ့ သာယာဖို့ကျွန်တော်လာခဲ့တာမဟုတ်ဘူး၊ ခင်ဗျားမိန်းမနဲ့စာရင်းရှင်းဖို့လာခဲ့တာ....ဖယ်....."

~ တိမ်​လွှာ ဘယ်​မှာလဲ ~Donde viven las historias. Descúbrelo ahora