end up unicode edit

3.1K 101 15
                                    

တိမ်လွှာ ဘယ်မှာလဲ...(episode 19) ဇာတ်သိမ်းပိုင်း
----------------------------------------

"သားရဲ့ ဆုံးဖြတ်ချက်တွေမပြင်တော့ဘူးလား....."

ဖေဖေက ဖျော့တော့သော လေသံဖြင့်မေးလာသည်။ သူ့ကိုဖေဖေက ဘယ်လိုပုံစံနဲ့အဆုံးသတ်သွားတာ မြင်ချင်နေတာလဲဟင်။ ဘဝမှာ ကိုယ်ဟာဘာဖြစ်နေနေ အမြဲလက်မထောင်နိုင်ရမယ်ဟု ကြွေးကြော်ခဲ့ပြီးမှ အရာအားလုံးကို လက်လွှတ်ပြီး ထွက်သြားရမှာလား။ ဟင့်အင်း...။ တိမ်လွှာ အဲ့လိုစိတ်ကူးမျိုး မတွေးချင်ပါ။

"ကျွန်တော့်အခြေအနေက နေ့လားညလားမှမသေချာတော့တာ၊ ဘာကိုပဲလုပ်လုပ်သူများကိုအားကိုးပြီး ညစ်ပတ်နံနံစော်စော်နဲ့ ရုပ်ပျက်ဆင်းပျက်တော့ ဆက်မနေချင်တော့ဘူးဖေဖေ၊ ပြီးရင်ကျွန်တော့်ကို ကြည့်နေမယ့် သနားတဲ့မျက်ဝန်းတွေကို သည်းမခံနိုင်ဘူး၊ ရှင်လျက်နဲ့သေရတာထက်စာလျှင် သေလျက်နဲ့ပဲ နာမည်ဆက်ရှင်ချင်သေးတယ်"

"မေမေသဘောမတူနိုင်ဘူးသား၊ သားရောဂါက အသက်ဆက်ရှင်လို့ရတာပဲဟာ...."

မေမေသည် တိမ်လွှာ၏ မနီးမဝေးမှာထိုင်ရင်း ယူကျုံးမရစွာ မြည်တွန်တောက်တီးနေပေသည်။

"ကင်ဆာ အဆင့်၄ဆိုတာ နောက်ဆုံးအခြေအနေမဟုတ်လား မေမေ၊ ကျွန်တော်က ဘယ်လိုအသက်ဆက်ရှင်နေနိုင်ဦးမွာလဲ..."

"အို...ဒါပေမဲ့ သက်တမ်းစေ့တော့နေရမှာပေါ့၊ သက်တမ်းမစေ့ခင်တော့ မေမေ့သားကို ထွက်သွားခွင့်မပြုနိုင်ဘူး....."

"အရာအားလုံးကိုအဆုံးရှုံးခံပြီး သေရမယ့်နေ့ကို အိပ်ရာထဲမွာမစောင့်နေချင်ဘူး..."

"တော်ပါတော့....မင်းထက်မပြောနဲ့တော့....၊ ခုမင်းကူညီပေးမယ်ပြောတဲ့သူကလည်း မင်းအပေါ်ကောင်းခဲ့တဲ့သူမဟုတ်ဘူး...၊ သူ့ကြောင့် မင်းဘယ်လောက်ဒုက္ခရောက်ခဲ့လည်း မင်းအသိဆုံးပဲနော်...၊ အဲ့လိုလူအပေါ်တော့ မေမေ မေတ္တာမထားပေးနိုင်ဘူး"

ဘယ်လိုနည်းနဲ့မှ မေမေ့ကိုနားချလို့ရမှာလဲဟင်။ သူ့ရဲ့နောက်ဆုံးဆန္ဒလေးကိုတော့ မေမေဟာလိုက်လျောပေးဖို့သင့်သည်မဟုတ်လား။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now