episode 16 unicode

730 46 0
                                    

တိမ်လွှာ ဘယ်မွာလဲ....(episode 16)
--------------------------------

မြတ်စြာဘုရားက ဟောထားသည်။ အရာအားလုံးဟာဖြစ်ပြီးရင်ပျက်တတ်တယ်တဲ့။ သို့ရာတွင် တိမ်လွှာကြုံခဲ့ရသောအဖြစ်သည် ဘယ်တော့မှ ပျက်စီးခြင်းမရှိပဲ အဖန်ဖန်တလဲလဲ လူတွေရဲ့ပါးစပ်ဖ်ားမွာ အသစ်ပြန်ပြန်ဖြစ်သွားတတ်မှန်း အဲ့ဒီနေ့ကမှ သိခဲ့ရပါသည်။

ကိုရဲမြင့်ပေးသော လိပ်စာလေးအတိုင်း သူရောက်လာခဲ့သည်။ မကျယ်ဝန်းလွသောခြံကွက်လေးထဲတွင် ခပ်သေးသေးဆောက်ထားသော တိုက်ပုလေးတစ်လုံးသာဖြစ်သည်။ အိမ်ရှေ့တွင် တိမ်လွှာထပ် အနည်းငယ်ကြီးမည်ထင်ရသော လူငယ်ယောက််ားလေးတစ်ယောက်က ဆိုင်ကယ်ရေဆေးနေလေ၏။ ထိုလူက ဆိုင်ကယ်ကိုသာအာရုံရောက်နေ၍ ခြံတံခါးအပြင်တွင် တိမ်လွှာရောက်နေသည်ကိုဂရုစိုက်မိပုံမပေါ်သောကြောင့် လူခေါ်ခေါင်းလောင်းကို လှုပ်လိုက်သည်။

ထိုသူသည် ဆိုင်ကယ်ရေဆေးခြင်းကိုခေတ္တရပ်ကာ တိမ်လွှာကိုအကဲခတ်ကြည့်ရင်း လျှောက်လာ၏။

"ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိ....."

"ဟို ကိုရဲမြင့်လွှတ်လိုက်တာပါ...."

"အော်....ကိုက်သင်မဲ့ဆရာထင်တယ်...."

"ဟုတ်ပါတယ်ဗ်...."

"လာလာ....ဆောရီးနော်...ကျွန်တော်ဆိုင်ကယ်ရေဆေးနေလို့သတိမထားမိလိုက်ဘူး....."

ထိုသူက ပြောပြောဆိုဆိုဖြင့် ခြံတံခါးကိုဖွင့်ပေးတော့ တိမ်လွှာလည်းအထဲဝင်လာလိုက်သည်။ သူ ထိုသူကိုကျော်သွားသည်အထိ ထိုသူက တိမ်လွှာကို စေ့စေ့ကြည့်ရင်းအကဲခတ်နေသည်ကို သတိထားမိသည်။ သူ့မှာဘာချို့ယွင်းချက်များရှိနေလို့ပါလိမ့်။ အလျင်ကလို ကလေးပုံစံ တီရှပ်နှင့်ဘောင်းဘီတိုမဝတ်ဖြစ်ခဲ့ပဲ လူရိုသေရှင်ရိုသေဖြစ်အောင် ရှပ်အကျႌလက်တိုတစ်ထည်ကို အောက်က မွန်ပုဆိုးအျပာရောင်ဖြင့်တွဲဝတ်ထားသည်က ထူးထူးဆန်ဆန်းအကဲခတ်ရလောက်အောင် မလိုအပ်ဘူးထင်ပါရဲ့နော်။

ထိုသူသည် တိမ်လွှာအနောက်မွ တိတ်တိတ်ဆိတ်ဆိတ်လေးလိုက်လာ၏။ အိမ်ထဲရောက်သည့်အခါ

~ တိမ်​လွှာ ဘယ်​မှာလဲ ~Donde viven las historias. Descúbrelo ahora