episode 4 unicode

1.1K 84 4
                                    

တိမ်​လွှာ ဘယ်​မှာလဲ....(episode 4)
-------------------------------

မလာတာကြာပြီ​နော်​တဲ့...။ တကယ်​​တော့ သူ ဒီဆိုင်​ကိုမ​ရောက်​ုဖြစ်​တာ သုံးရက်​ပဲရှိပါ​သေးသည်​။ ဒါကို​တောင်​ ဦးက အကြာကြီးလို့​တွေးတတ်​​နေပြီလား။

"အင်​း...အိမ်​မှာပဲ​လေ၊ စားလိုက်​​သောက်​လိုက်​ အိပ်​လိုက်​နဲ့အချိန်​ပိုတယ်​ကိုမရှိပါဘူး...၊ အဲ့ဒါ​ကြောင်​့မလာဖြစ်​တာ "

ဟန်​​ရေးလုပ်​ကာ​ပြောရင်​း သူ့ကိုယ်သူ သ​ဘောကျစွာခိုးခိုးခစ်​ခစ်​ပြုံးရယ်​မိသွားသည်​။ အက်​တင်​ခံပြီး ဒီကိုမင်​းမ​ရောက်​လာ​ပေမဲ့ မင်​းရဲ့အ​တွေး​တွေက ဒီဆိုင်​မှာပဲ တစ်​​ဝေ့​ဝေ့လည်​​နေတာ ဦးကမသိဘူးလို့ မင်​းထင်​​နေတာလား တိမ်​လွှာမင်​း။

ဦးသည်​ ဝိုင်​ခွက်​ကိုကိုင်​ကာ သူ့ကိုခပ်​ေ​အး​အေး​လေးပြုံးကြည်​့​နေသည်​။ ဦးရဲ့အပြုံးက တည်​ကြည်​သည်​။ ဦးရဲ့အကြည်​့က စူးရှလှသည်​။ သို့​သော်​လည်​း အလျင်​အခါကလိုမျိုး ​နေမထိထိုင်​မသာ သိပ်​မဖြစ်​​တော့ပါ။ ဦး​ရှေ့တွင်​ဘယ်​လို​နေရထိုင်​ရမည်​ကို သူ​ကောင်​း​ကောင်​းကြီးသိ​နေပါပြီ။

"ဒီ​နေ့မှိုဝက်​သားလုံး မ​ကျွေး​တော့ဘူးလား....."

"​ကျွေးမှာပါဗျ ယူခိုင်​းထားပါတယ်​​နော်​..."

​ကျေနပ်​စွာဖြင်​့ နှုတ်​ခမ်​းနှစ်​ခုကို တင်​းတင်​း​စေ့လိုက်​ပြီး ကင်​ထား​သော ပုစွန်​ထုပ်​ကြီးကိုတူဖြင်​့ညှပ်​ယူလိုက်​ပါသည်​။ သူစားရန်​ဟန်​ပြင်​​နေသည်​အထိ ဦးဘက်​က ဘာအမူအရာမှမပြ​သေးပါ။ စိတ်​ထဲ အိုက်​စက်​စက်​ဖြစ်​သွားရသည်​။ လူ​တွေကဒီအတိုင်​းပဲလားဟင်​ ရ​နေကြအရာ​လေးတစ်​ခုကို ထပ်​မရ​တော့လျှင်​ အားမလိုအားမရဖြစ်​တတ်​သည်​့သ​ဘောရှိလား။

သူစားရန်​ဟန်​ပြင်​​နေ​သော ပုစွန်​ကို ပန်​းကန်​​ပေါ်ပြန်​ချလိုက်​သည်​။
ပြီး​နောက်​ ကင်​ထား​သောပုစွန်​များအားလုံးကို ပန်​းကန်​ထဲထည်​့ကာ ဦးရှိရာသို့ကမ်​း​ပေးလိုက်​သည်​။

ဦးသည်​မျက်​ခုံး​လေးပင်​့ကာ သူ့အားစိုက်​ကြည်​့လာပါသည်​။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Où les histoires vivent. Découvrez maintenant