episode 15 unicode

823 48 0
                                    

တိမ်လွှာ ဘယ်မွာလဲ....(episode 15)
--------------------------------

"ဘာလို့ ကိုယ့်အသားကို အနာခံနေတာလဲ ရူးနေလား...."

တိမ်လွှာက ခပ်စစလေးဆူလိုက်တော့ ဦးသည် လည်ပြန်ကာကြည့်လာပြီးနောက်.....

"အေးဟုတ်တယ်...ငါရူးနေတာလေ၊ ငါဘာကိုမွမသိတော့လောက်အောင် ရူးနေတာ"

ဦးနဲ့ပတ်သက်ပြီး အဟောင်းတွေကိုအစပြန်ဆွဲမထုတ်ချင်တော့ပါ။ သူဒီကိုလိုက်ခဲ့တာ အလွမ်းအဆွေးတွေ စာဖွဲ့ဖို့အတွက်မှမဟုတ်ပဲ။ သားသားအခြေအနေကိုကြည့်ဖို့လိုက်လာခဲ့တာ။ စကားလမ်းကြောင်းကိုလွှဲပြစ်မှရမည်။

"လဲသေလိုက်...ဦးမွာ ဦးရဲ့သွေးသားအတွက် စဉ်းစားရဦးမယ်၊ အချစ်တွေ အလွမ်းတွေနဲ့ အရူးထရမဲ့အရွယ်မဟုတ်တော့ဘူး.....၊ ဒါက ဘာလုပ်ဖို့လဲ....."

တိမ်လွှာသည် အံကိုတင်းတင်းကြိတ်ကာ ဆို့နင့်နေသည့်ရင်ကိုချုပ်တည်းရင်း အသံကိုမတုန်ရင်အောင် ထိန်းပြောနေရသည်။

"မနက်ဖြန် တင်ဒါကိစ္စတစ်ခုနဲ့ နေပြည်တော်ကိုသွားရမယ်....."

"ဟင်.....အဲ့ဒါဆို သားသားကရော....."

"သားသားကိုပါခေါ်သွားမှာ....ဆိုင်ကတော့ မန်နေဂျာနဲ့ထားခဲ့လို့ရတယ်...."

"မဖြစ်သေးပါဘူး....သားသားကနေမှမကောင်းတာ၊ ပြီးတော့ ဦးကအလုပ်ကိစ္စနဲ့ သားသားကိုဂရုစိုက်နိုင်မှာလဲမဟုတ်ဘူး၊ မမနွယ်ဆီ....."

တိမ်လွှာစကားပင်မဆုံးလိုက် ဦးကဝင်ကာဟန့်တားသည်။

"သူ့အမေက ဆေးရုံမှာ သားသားကိုထိန်းဖို့အဆင်မပြေဘူး...."

"မမနွယ်ကဘာဖြစ်တာလဲ......"

ဦးသည် တိမ်လွှာဘက်ပြန်လှည့်လာကာ ပြန့်ကျဲကျနေသော အဝတ်မ်ားကို ပြန်ကောက်ကာ ကုတင်ပေါ်တင်နေရင်းမွ စကားကိုပြန်လာသည်။

"နှလုံးအားနည်းတာ...ကြွက်သားတွေမညှစ်နိုင်တော့ဘူး...cardiogenic shock ဖြစ်တယ်ဆိုလားပဲ၊ ဦးလည်း ကောင်းကောင်းနားမလည်ပါဘူး.....၊ ဖြစ်မွာပေါ့ ဆေးလိပ်တွေအရက်တွေ ဒီလောက်သောက်တာ၊ သူ့မှာအစကတည်းက သွေးတိုးရှိနေတာကို၊ ကိုယ့်ကျန်းမာရေးကိုယ်ဂရုမစိုက်ရင်တော့ဖြစ်မွာပဲ...၊ သူ့ညီမ လာစောင့်ပေးတယ်၊ ဦးလည်း အလုပ်ကိစ္စမအားတော့သိပ်မသွားဖြစ်ဘူး၊ အဲ့ဒါကြောင့်သားသားကိုတောင်မခေါ်သွားတာ"

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now