episode 12 unicode

737 51 2
                                    

တိမ်လွှာ ဘယ်မွာလဲ......(episode 12)
---------------------------------

တိမ်လွှာတို့အကြောင်းကို အိမ္ကသိသွားပြီဟု ဦးကိုပြောပြသည့်အခါက ဦး၏မျက်ဝန်းသည် ပထမစစတော့ စိုးထိတ်ကာ အရောင်မှိုင်းသွားပါသည်။ ပြီးနောက် တစ်ဖြည်းဖြည်း အရောင်ပြန်လဲ့လာကာ ဝင်း၍တောက်ပလာပြီး အားအင်တစ်ခုစုစည်းမိသြားသလို လင်းလက်သွားသည်။ နောက် ဦးက တိမ်လွှာ၏ လက်ဖဝါးကိုခပ်တင်းတင်း ဆုပ်ကိုင်ပြီး "ရင်ဆိုင်ကြတာပေါ့..." ဟု မာန်အပြည့်ဖြင့် ပြောလာပေသည်။ ဦးဟာ ဘယ်တော့မှ တိမ်လွှာကိုစိတ်ကုန်စေမည့် သူတစ်ဦးမဟုတ်မှန်း သိပ်ပေါ်လွင်နေပါသည်။

ဖေဖေ၏ ရှေ့ဆိုဖာပေါ်တွင် ဦးသည် မျက်လွှာချကာ လက်ဖဝါးနှစ်ဖက်ကိုယှက်လျက် ပုဆိုးခါးပေါင်စပေါ်တွင် တင်ပြီး ရိုရိုသေသေထိုင်နေပါသည်။ ဒီနေ့မှဦးသည် လူကြီးလူကောင်းပိုပီသရန်အတွက်လား ဒါမှမဟုတ် ဖေဖေ့ကိုလေးစားသမှုရှိ၍ပဲလားမပြောတတ်။ အပေါ်ကရှပ်အကျႌလက်ရှည်ကို လက်ခေါက်ထားခြင်းမပြုပဲ၊ မွန်ပုဆိုးအနီရောင် အကွက်စိတ်လေးဖြင့် တွဲဖက်ဝတ်ဆင်ထားပါသည်။ တိမ်လွှာကတော့ မြင်နေကျပုံစံအတိုင်း ဘောင်းဘီတို တီရှပ်သာဖြစ်သည်။ မေမေကတော့ ရှက်၍ဆိုကာထွက်မတွေ့ပေ။

ဖေဖေသည် ဦးနှင့်တိမ်လွှာအား အားလုံးခြုံ၍ အကဲခတ်ကြည့်နေရာမှ စကားကိုစလာသည်။

"အန်ကယ်လ် ဘာမွမမေးမပြောခင်၊ မင်းတို့ဆီက ခွင့်တောင်းစရာလေးတစ်ခုရှိတယ်၊ မင်းတို့ကို မေးရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တာတွေကိုထည့်မပြောဖို့ ကတိတောင်းချင်တယ်၊ အန်ကယ်လ်က အဲ့ယောက််ားလေးနှစ်ယောက်ရဲ့အချစ်ကို နားမယဉ်သေးဘူးဗျ၊ နားကန့်လန့်ဖြစ်နေမှာကျိန်းသေတယ်၊ ပြီးတော့ အန်ကယ်လ်က အချစ်ထပ် သစ္စာတရားကို ပိုအလေးထားသူမို့ပါ"

"ဟုတ်ကဲ့ အန်ကယ်လ်..."

ဦးကသာ ဖေဖေ၏ကတိတောင်းမှုကို လိုက်လျောသည်။ တိမ်လွှာကဘာမှဝင်မပြောဖြစ်။ ဒီနေ့တော့ ဦးကိုသာ သူအားကိုးရတော့မည်မဟုတ်လား။

"မင်းတို့က ဘယ်အထိရည်ရွယ်ထားကြတာလဲ...."

"တစ်ဘဝလုံးစာအထိပါ....."

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now