episode 8 unicode

828 55 0
                                    

တိမ်လွှာ ဘယ်မွာလဲ....(episode 8)
-------------------------------

"ဟင်....ဒါတွေကဘာတွေလဲ..."

တအံ့တသြဖြင့် သူခပ်စူးစူးအော်ပြစ်လိုက်သည်။

ဦး၏လက်အတွင်းမှဖုန်းတွင် ဦးသုံးနေကြ Tin Ko Ko အကောင့်မဟုတ်ပဲ တစ်ခြားအကောင့်တစ်ခုဖြစ်နေ၍ ဖျတ်ခနဲ သူလုယူကြည့်လိုက်ရမွ မြင်တွေ့ရသည့်ပုံတွေကြောင့် သူအံ့သြမိသွားခြင်းဖြစ်သည်။ Ko Ko Tin တဲ့ ဦးကသူ့နာမည်ကိုပြောင်းပြန်လုပ်ပြီး နာမည်တပ်ထားသည့်အကောင့်ဖြစ်ပါသည်။ ယောက််ားလေးများ၏ အပေါ်ပိုင်းဝစ်လစ်စလစ်ပုံများ၊ အတွင်းခံဖြင့်သာ ရိုက်ထားသောပုံများ၊ ယောက််ားလေးနှစ်ယောက်၏ ညစ်ညမ်းဗီဒီယိုကားမ်ား၊ မိန်းမမ်ား၏ ဝစ်လစ်စလစ်ပုံများ၊ အို ယောက််ားတွေရောမိန်းမတွေရော အစုံပါပဲလား..။ ဦးတင်ထားခြင်းတော့မဟုတ်ပါ။ New feeds တွင်ပေါ်လာခြင်းဖြစ်သည်။ ဦးကဘာကြောင့် ဒီလိုအကောင့်တွေသုံးနေရသနည်း။ သူဘယ်လိုမှနားမလည်နိုင်ပါ။ ဦးကိုလူကြီးလူကောင်းတစ်ယောက်လို့ တိမ်လွှာကသဘောထားထားတာလေ။ ဦးကဒီလိုလုပ်နေတယ်တဲ့လားကွယ်။

ဦးရဲ့ friend list ကိုကြည့်တော့ friends က တစ်ထောင်ကျော်လေးသာရှိသည်။ သို့ရာတွင် အားလုံးက ထိုကဲ့သို့ပုံတွေဇာတ်ကားတွေကိုကြည့်သော အကောင့်များသာဖြစ်သည်။ တစ်ချို့ကလည်း တင်ကြသည်။ ဂရုတွေရော၊ ပေ့တွေရော စုံလို့ပါလား။ ဦးက ဘာပုံဘာဇာတ်ကားမှတင်ထားခြင်းမရှိသော်လည်း သူကြိုက်သည့်ပိုစ့်လေးတွေတော့ share ထားပါသည်။ သို့သော်လည်း အဲ့ဒီ sex နှင့်ပတ်သက်သည့်အကြောင်းအရာများသာဖြစ်သည်။

သူက အံ့သြမှင်သေစွာ မျက်လုံးပြူးမျက်စံပြူးဖြစ်နေသော်လည်း
ဦးကမူ ဝိုင်ကိုအရသာခံကာသောက်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ကိုစိုက်ကြည့်နေပေသည်။ ဒီအတွက် ဦးမွာအကြောင်းပြချက်တွေရှိလို့များလား။ သူဘာကိုမှနားမလည်နိုင်တော့ပါ။

"ဦးရယ်....ဘာတွေလဲဟင်၊ သားရင်တွေပူလိုက်တာ၊ သားနားလည်အောင်ရှင်းပြပါဦး..."

"သား လူတွေရဲ့ dark side ကိုသိလား....."

ဦး၏အသံသည် အလျင်ကထက်ပင်ပို၍ တည်ငြိမ်နေပါသည်။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now