episode 17 unicode

805 49 0
                                    

တိမ်လွှာ ဘယ်မွာလဲ...(episode 17)
--------------------------------

ဒီနေ့ အောက်တိုဘာ ၁၂ရက်နေ့.....ဦးနှင့်သာ အတူရှိနေနိုင်မည်ဆို
ချစ်သူသက်တမ်း ငါးလပြည့်ပြီဟု တစ်စိမ့်စိမ့်တွေးရင်း ရင်ထဲလည်း တစ်ဆစ်ဆစ်နာကျင်နေရပါသည်။ အလုပ်ထဲလည်း သိပ်စိတ်မပါ ဦးကိုတွေ့ချင်စိတ်တွေ ပြင်းပြနေလေ၏။ အလျင်လတွေတုန်းကတော့ ဒီနေ့ရောက်လာလျှင် ဘုရားသြား၍ကောင်းမှုကုသိုလ်တစ်ခုခုလုပ်ပြီး ဦးတို့မိသားစုပြန်အဆင်ပြေအောင် မေတ္တာပို့ပေးဖြစ်သည်။ ခုတော့ အလျင်နေ့များနှင့်မတူ ဦးကိုပြင်းပြင်းထန်ထန်လွမ်းနေရပြီး တမ်းတမ်းတတတွေ့ချင်နေပါသည်။
တီတီတာတာစကားတွေမဆိုပဲ ရိုးရိုးတန်းတန်းတွေ့ချင်ယုံမျှလေးသာ ဆန္ဒရှိပါသည်။

ဦးမ်ား ရောက်လာမလားဟု ဟိုဒီငေးမျှော်တမ်းတရင်း အလုပ်ဆင်းချိန်ကိုပင် ရောက်ခဲ့လေပြီ။ ဦးဟာ ဒီနေ့ကိုရော မှတ်မိလေဦးမလား။

မှောင်ရီပြိုးနေသော လမ်းမကြီးဘေးတွင် တစ်ယောက်တည်းအဖော်မဲ့စြာ ငိုင်တိငိုင်တိုင်လှမ်းလျှောက်လာနေသူမှာ တိမ်လွှာဖြစ်သည်။ စိတ်နှင့်ကိုယ် မကပ်သလို၊ စိတ်ထဲလေးလံနေသလို တစ်ကိုယ်လုံးလည်း ထုံထိုင်း၍နေသည်။ လောကနိယာမတွေ၊ လူ့ကျင့်ဝတ်တွေကို ဘေးဖယ်ပြီး မိုက်ရူးရဲဆန်ဆန် ဦးအရိပ်မှာပြန်ခိုလှုံလျှင်ကောင်းမလားဟု တိမ်လွှာတွေးမိသေးသည်။ သို့သော်လည်း ကိုယ့်လိပ်ပြာကိုယ်မလုံပေ။ ပတ်ဝန်းကျင်က လက်ညိုးထိုးမခံရအောင်ပြုမူနေထိုင်မည်ဟုဆုံးဖြတ်ပြီးမှ ဘာမဟုတ်တဲ့အချစ်တစ်ခုတည်းအတွက်နဲ့တော့ သူမရူးမိုက်ချင်။

တီ...တီ....တီ

ဖုန်းမွ နိုတီဖီကေးရှင်း အသံကမြည်လာသည်။ ဘောင်းဘီအိတ်ကပ်ထဲမွ ဖုန်းကိုအလျင်ဆွဲထုတ်လိုက်သည်။ ဖုန်းနံပတ်အစိမ်းမွ မက်စေ့တစ်စောင်ပို့ထားခြင်းဖြစ်သည်။ ဘာများပါလိမ့်...။

'ဦးငယ်....ဖေဖေ့ကိုခေါ်လို့မရတော့ဘူး....လာခဲ့ပါဦး...

ဘုရားရေ....တိမ်လွှာခေါင်းတစ်ခုလုံးကြီးတတ်သွားသည်။ ဦးတစ်ခုခုများဖြစ်နေပြီလားဟူသည့် အပူမီးက သွေးကြောအမျှင်သေးသေးလေးတွေအထိ စီးဆင်း၍သြားလေတော့သည်။ ဦးဘာမှမဖြစ်ပါစေနှင့်ဟု အားတင်းကာဆုတောင်းရင်း အနီးနားက ဆိုင်ကယ်တက္ကစီဂိတ်ဆီ အပြေးနှင်ရသည်။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now