episode 5 unicode

1.1K 82 4
                                    

တိမ်​လွှာ ဘယ်​မှာလဲ....(episode 5)
-------------------------------

ဦးဆီက အချစ်​ကိုရယူရန်​ အစွမ်​းကုန်​ကြိုး​စား​တော့မည်​ဟု ဆုံးဖြတ်​ချက်​ချပြီးသည်​့​နောက်​ပိုင်​းမှ အင်​ကြင်​းမြိုင်​ဆိုင်​သို့ တိမ်လွှာ ​ပထမဆုံး​ပြန်လည်​ေ​​ရာက်​ရှိလာခဲ့ခြင်​းဖြစ်​ပါသည်​။ တကယ်​​တော့ ​ဟော့​ပေါ့စားမည်​ဟူ​သော အ​ကြောင်​းပြချက်​နှင်​့မဟုတ်​ပဲ လမ်​းကြုံ၍ဟူ​သော အ​ကြောင်​းပြချက်​ဖြင်​့ ဆိုင်​ကယ်​တက္ကစီနှင်​့တကူးတက အိမ်​မှထွက်​လာခဲ့ခြင်​းဖြစ်​သည်​။ သူရဲ့အ​ကြောင်​းပြချက်​သည်​ မုသားဆန်​​နေမှန်​း ဦးရိပ်​မိမှာ​သေချာပါသည်​။ ထိုသို့ရိပ်​မိ​အောင်​လည်​း သူတမင်​​လုပ်ခဲ့ြ​ခင်​းဖြစ်​သည်​။ လူတစ်​​ယောက်​ရဲ့မုသားစကားတစ်​ခွန်​းက မုသားအ​ပြောခံရသူအ​ပေါ် မရိုးသားဘူးဆိုတာ ​ပေါ်လွင်​​စေသည်​မဟုတ်​လား။ ဦးအ​ပေါ်တွင်​ သူ့စိတ်​​တွေမရိုးသားဘူးဆိုသည်​ကို သွယ်​ဝိုက်​၍တစ်​မျိုးတစ်​ဖုံပြလိုက်​ခြင်​းဖြစ်​ပါသည်​။ ခုချိန်​ကစ၍ မုသား​တော်​​တော်​များများနှင်​့ သူအကျွမ်​းတဝင်​ရှိ​နေဖို့လိုအပ်​သည်​။

တသိမ်​့သိမ်​့ခုန်​​နေသည်​့ သူ့ရင်​ခုန်​သံကို အားတင်​းကာပြန်​​ဖြေ​လျော့လိုက်​သည်​။ သူ့ရင်​ခုန်​သံ​တွေ ဦးမကြား​စေရ။ စိတ်​လိုလက်​ရ သူ့အပြုအမူ​တွေကို ဦးမမြင်​​စေရ။ ဖာသိဖာသာသာ ဆိုင်​အတွင်​းဝင်​လာပြီး  ​ကောင်​တာတွင်​ထိုင်​​နေ​သော ဦးကိုပါ မမြင်​ချင်​​ယောင်​​ဆောင်​ပြစ်​လိုက်​သည်​။

"သား​ရေ...တိမ်​လွှာ....ဦးက ဒီမှာ...."

ဆိုင်​အတွင်​း ​ဝေ့ဝဲကြည်​့​နေသည်​ကို ဦးမြင်​သွားပုံရသည်​။ ဆတ်​ခနဲ သူပြန်​လှည်​့​ပြီး​နောက်​ မထိတထိ​လေးသူပြုံးလိုက်​သည်​။ ပါး​ဖောင်​းယုံ​လေးပါ။ လူအများကခုလို​ပြုံးလျှင်​ သူ့ကိုချစ်​ဖို့​ကောင်​းသည်​ဟုဆိုကြ​လေ​တော့ ဦးအ​ရှေ့တွင်​ မထိတထိအကြိမ်​​ရေခပ်​များများပြုံး​နေရမည်​။

"​ဟော့​ပေါ့လာစားတာလား...."

"မဟုတ်​ပါဘူး လမ်​းကြုံလို့ဝင်​လာတာ..."

~ တိမ်​လွှာ ဘယ်​မှာလဲ ~Tempat cerita menjadi hidup. Temukan sekarang