episode 10 unicode

876 50 0
                                    

တိမ်လွှာ ဘယ်မွာလဲ...(episode 10)
--------------------------------

ဈေးဝယ်ထွက်ပြီး အိမ်ပြန်ရောက်သည့်အခါ၌လည်း မမကြီးတို့နှင့်ရန်ပွဲတစ်ပြဲကို တိမ်လွှာဆင်နွှဲရပြန်သည်။

အိမ်ရောက်ရောက်ခြင်းမှာပင် သားသားကိုကြည့်ကာ တိမ်လွှာရောဦးပါ မျက်လုံးပြူးသွားရသည်။ သားသား၏ဘယ်ဘက်လက်ကောက်ဝတ်တွင် ပတ်တီးကြီးစည်းထားပြီး ဒူးပေါ်တွင်လည်း ပွန်းရာတွေ၊ ညာဘက်နဖူးစောင်းတွင်လည်း အာလူးသီးကြီးထနေ၏။ သို့ရာတွင် သားသားသည် ငိုထားပုံမပေါ်ပါ။ မမကြီးလက်ပေါ်တွင် သားသားက ခိုးခိုးခစ်ခစ်ပင်ရွှင်မြူးနေသေးသည်။

တိမ်လွှာက မမကြီးလက်ထဲမွ သားသားကို စိတ်လိုက်မာန်ပါ ဆွဲယူလိုက်သည်။

"ဒါက ဘယ်လိုဖြစ်ရတာတုန်း....."

တိမ်လွှာ၏အော်သံကြောင့် မမကြီးနှင့််မမငယ်တို့၏မျက်နှာသည် ဆီးရွက်တစ်ရွက်လို ငယ်ဝင်၍သွားသည်။

"ဟို...ဟိုလေ...သားသားနဲ့ အိမ်ထဲမွာ တူတူပုန်းတန်းကစားရင်း လှေကားပေါ်က ပြုတ်က်တာ..."

"ဘာပြောတယ်....၊ မမကြီးတို့ကလေ အဲ့အတိုင်းပဲ ယုံကြည်လို့အပ်ထားခဲ့တာကို ငါးပါးမဟုတ်ဘူး သံဃာစင်ပါမှောက်ပြစ်တယ်၊ အမြဲပြီးစလွယ်နဲ့ အဲ့ဒါကြောင့်ဖေဖေက မမကြီးကို သူ့ပွဲရုံခုထိမအပ်သေးတာ သိလား"

လက်ထဲမွာ သားသားကို ဦးဆီကမ်းပေးရင်း မမကြီးတို့ကိုစိတ်ထဲရှိသလို ဆူငေါက်ပြစ်လိုက်သည်။ သားသားက ဆူငေါက်နေသော သူ့ကိုအူတူတူအတတ ကြည့်နေပေ၏။ ဦးက သားသား၏နဖူးပေါ်ကအာလူးသီးကို အာငွေ့လေးပေးရင်းပွတ်သပ်ပေးနေသည်။ မမကြီးနှင့်မမငယ်က အပြစ်သားတစ်ယောက်လို သူ့ရှေ့ရှိဆိုဖာပေါ်တွင် ခေါင်းငိုက်၍ထိုင်နေရင်းမွ....

"အမယ်...ဘာမှမဆိုင်တာတွေပြောမနေနဲ့နော်၊ မမကြီးက မိန်းကလေးလေ ပွဲရုံလက်လွှဲယူစရာလား၊ ကိုယ့်ဘာသာ နိုင်ငံခြားထွက်ဖို့အရေးမအားပေါင်"

"တိတ်စမ်း...."

ရင်ကိုလှစ်၍ အော်ပစ်လိုက်တော့ ဧည့်ခန်းထဲရှိသမျှလူအားလုံး တုန်သွားရသည်။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now