episode 2 unicode

1.6K 100 0
                                    

တိမ်​လွှာ ဘယ်​မှာလဲ....(episode 2)
-------------------------------

'ချာတိတ်​....´

အမယ်​​လေး....။ ML ထဲဝင်​ဝင်​ချင်​း message box က နိုတီပြ​နေ၍ ဝင်​ကြည်​့မိရာ မနက်​က သူသွားဆဲထား​သော ဖိုးပြုံးချို ဆီကဖြစ်​​နေ​သော​ကြောင်​့ ​ကြောက်​အားလန်​့အား ဘုရားတမိသွား​လေသည်​။ ပြီး​တော့ ထိုသူက တိမ်​လွှာအား ​ဖော်​လိုးလုပ်​ထား​သေးသည်​။ ပရိုဖိုင်​ပုံကို နှုတ်​ခမ်​းတစ်​ခုလုံးအထက်​​​အောက်​အစွမ်​းကုန်​လှန်​ကာ zoom ဆွဲ၍ရိုက်​ထား​သော​ကြောင်​့ က​လေးအင်​မတန်​ဆန်​သည်​့ လူငယ်​တစ်​ဦးမှန်​း ထိုသူအတတ်​သိသွား​လောက်​​ပေသည်​။ ထို့​ကြောင်​့သာလည်​း ချာတိတ်​ဟု​ခေါ်ဆိုလာခြင်​းဖြစ်​မည်​။

မနက်​ကသာ စိတ်​အခန်​့မသင်​့၍ ​ပြောမိ​ပြောရာ​ပြောလိုက်​မိ​သော်​လည်​း ခုများကြ ဟိုဘက်​က ပြန်​ပြီးဆဲမှာကို တိမ်​လွှာ​ကြောက်​​နေမိသည်​။ ဘာပြန်​ပို့လိုက်​ရမလဲဟင်​။ တစ်​ဖက်​က အွန်​လိုင်​းဖြစ်​​နေ၍ သူပြန်​ပို့လိုက်​သည်​နှင်​့စာတန်​းပြန်​လာမှာ​သေချာ​နေသည်​။

'inn´

အလိုက်​သင်​့​ပြောလိုက်​​သော်​လည်​း သူလန်​့​နေသည်​ကို တစ်​ဖက်​ကသိသွားမှာလည်​း ရှက်​ရွံ့မိသည်​။

'play together´

​တော်​​သေးသည်​။ မှန်​းထားသလို တစ်​ဖက်​ကပြန်​မဆဲ၍ စိတ်​သက်​​တောင်​့သက်​သာ ဖြစ်​သွားရသည်​။ သို့​သော်​လည်​း အိုနာကျိုးကန်​း MM player နှင်​့သူတွဲမ​ဆော့ချင်​။

'I'm busy´ ဟုသူပြန်​ပို့လိုက်​သည်​။

'plz fb acc´

ကြည်​့စမ်​း....ရဲတင်​းလိုက်​တာ။ ဘာရယ်​​ကြောင်​့သူက facebook acc ကို​တောင်​း​နေရသနည်​း။ မနက်​ကကိစ္စအတွက်​နဲ့ facebook မှာပါ tag တွဲပြီးရန်​စချင်​၍များလား။ ဒါမှမဟုတ်​ မိတ်​ေ​ဆွဖွဲ့ချင်​၍များလား။ မဟုတ်​​သေးပါဘူး။ မိတ်​​ဆွေဖွဲ့ရ​အောင်​ နှစ်​​ယောက်​ကြုံကြိုက်​မှုကလည်​း ​ကောင်​းခြင်​းသ​ဘောနှင်​့သက်​​ရောက်​ခဲ့သည်​မဟုတ်​။ တစ်​ဖက်​က​တောင်​းသလို သူပြန်​မပို့မိပါ။

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now