episode 9 unicode

838 56 0
                                    

တိမ်လွှာ ဘယ်မွာလဲ......(eposode 9)
---------------------------------

ဦးသည် နေရာမှထကာ ရေခဲသေတ္တာအတွင်းမွ ဝိုင်ပုလင်းကိုယူ၍ ကလပ်ခွက်ထဲငှဲ့ပြန်သည်။ ပြီးမှ လေးတိလေးကန်ခြေလှမ်းများဖြင့် တိမ်လွှာရှိရာသို့ ပြန်ကာလျှောက်လာရင်း ဘေးနားတွင်ဝင်ကာထိုင်သည်။ နောက် သူ၏စကားကိုပြန်လည်ကာဆက်၏။

"အဲ့ဒီနိုင်ငံတွေက၊ ဒီနိုင်ငံတွေလိုမဟုတ်ဘူး၊ အပျော်အပါးအရမ်းများတယ်၊ ဒီနိုင်ငံမွာလို ကိုယ့်ကိုမျက်စိဒေါက်ထောင့်လိုက်ကြည့်နေမဲ့ ပတ်ဝန်းကျင်တွေမရှိဘူး၊ တစ်ယောက်နဲ့တစ်ယောက်အခွင့်အရေးကို အလေးထားကြတယ်၊ အဲ့လိုနဲ့ ဦးဟာ ပျက်စီးလာတယ်ဆိုပါတော့၊ ကလပ်တွေတက်တယ်၊ ပြည့်တန်ဆာတွေနဲ့ပျော်တယ်၊ ရှိသမျှမကောင်းတာအကုန်လုပ်ပြစ်တယ်၊ အင်း အဲ့မွာပဲ ဦးအသိတွေရဲ့အစွယ်ကောင်းမှုနဲ့ gay club ကိုရောက်ခဲ့တယ်၊ အဲ့ဒီက gay တွေဟာအရမ်းချောကြတာပဲ....."

ဦးက တိမ်လွှာ့မျက်နှာကိုအကဲခတ်ရင်းပြောလိုက်သောအခါ တိမ်လွှာသည် မကျေနပ်သလို သဝန်တိုသလိုဖြင့် မဲ့ရွဲ့ငြူစူကာပြလိုက်သည်။

"အဲ့ဒီကစ ဦးဟာ ယောက််ားလေးချင်းပေါ်မှာလဲ သာယာတတ်မှန်းသိလာခဲ့တယ်"

"အဲ့ဒါဆို ဦးအသိတွေကရော ဦးလို bi တွေပဲလား...."

"ဟုတ်တယ်၊ bi တော်တော်မ်ားမ်ားက အိမ်ထောင်ရေးအဆင်မပြေရာကနေ ဖြစ်လာကြတာများတယ်....."

ယောင်ယမ်းက တိမ်လွှာခေါင်းညိတ်မိသွားသည်။ သို့သော် သူနားမလည်ပါ။

"မိန်းမတွေနဲ့ခြေရှုပ်ရင် နောက်ဆက်တွဲရှုပ်ရှုပ်ရှပ်ရှပ်တွေ ဖြစ်မှာဆိုးလို့ ယောက််ားလေးအချင်းချင်းဖြစ်ကြတယ်ပဲဆိုပါတော့"

"အဲ့လိုလား...."

တိမ်လွှာ နည်းနည်းသဘောပေါက်လာပါပြီ။

"တစ်နေ့ ဦးညမိုးချုပ်ကြီးအိမ်ပြန်လာတဲ့အချိန် နွယ်နဲ့တိုးတယ်၊ ဦးဘာတွေဖြစ်နေတယ်ဆိုတာ နွယ်ရိပ်မိသလိုရှိပေမဲ့၊ gay club တွေတက်တာတော့ သူမသိဘူး၊ သူသိရင် ဦးကိုအရှင်ထားမွာတောင်မဟုတ်ဘူး၊ သူဟာ homophobia တစ်ယောက်၊ သူ့မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းပြောတယ်၊ အမှန်ဆို သားဦးရတာ ကိုယ်ပျော်ခဲ့ရမွာလေ၊ ဒါပေမဲ့ ကိုယ်သာမန်ပဲခံစားရတယ်၊ ကိုယ့်အသိထဲတစ်ခုရှိတာက၊ အိမ်ထောင်ဦးစီးဆိုတဲ့ အသိစိတ်လေး ပြန်ဝင်လာရတာပဲ၊ ကိုယ်အလျင်လိုမဆိုးတော့ဘူး၊ ကလေးရပြီရင်တော့ နွယ်ဟာ သူ့မာနတွေကိုရှေ့တန်းမတင်လောက်ဘူးဦးထင်ခဲ့တယ်၊ ဒါပေမဲ့ပိုပိုဆိုးလာတယ်၊ ကလေးအတွက်ဆိုပြီးအကြောင်းပြ စီးပြားရေးကုန်းရုန်းရှာပြန်ရော၊ ကလေးရပြီးလည်း အိမ်မှာကပ်တယ်မရှိပါဘူး၊ သားသားဟာ မိခင်နို့ရည် ဘာမှန်းတောင်မသိခဲ့ဘူး၊ ဦးလည်း နွယ်ဘာတွေများလုပ်နေတာလဲဆိုပြီး checking လိုက်မိတယ်၊ တကယ်တော့သူဟာပျက်စီးချင်တိုင်းပျက်စီးနေတာ၊ ဒီနိုင်ငံမှာဆိုရင်တော့ပတ်ဝန်းကျင်က လက်ညိုးထိုးမဲ့အလုပ်ဆိုပေမဲ့ သူတို့ဆီက သူများကိုယ်ရေးကိုယ်တာသိပ်မစွက်ဖက်ကြတော့ နွယ်ဟာထင်တိုင်းကျဲတာပဲ၊ သူ့ဘေးမှာ ကောင်လေးခပ်ငယ်ငယ်တစ်ယောက်အမြဲရှိတယ်၊ တစ်ယောက်ပြောင်းရင် တစ်ယောက်ရောက်လာတယ်"

~ တိမ်​လွှာ ဘယ်​မှာလဲ ~Where stories live. Discover now