Intro (Z & U)

33.8K 1.2K 17
                                    

Zawgyi

မိုးအရိပ်ရောင်....

ယောကျာ်းသားနှစ်ယောက် အတူလက်တွဲပြီး ဖန္တီးထားတဲ့ မိသားစုမို့ လူအမ်ားက ကဲ့ရဲ့ချင်ကြတယ်။ရှုံ့ချချင်ကြတယ်။ကာယကံရှင်တွေဖြစ်တဲ့ ကျွန်တော်တို့ကရော ဒီလို အေနအထားကို လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့ကြတယ်များ ထင်နေကြတာလားဗျာ။ခေတ်အခါအရ ဒီလိုပတ်သက်မှုဆိုတာ လူ့အသိုင်းအဝိုင်းမှာ ပွင့်လင်းမြင်သာနေတဲ့ အနေအထားမဟုတ်ဘူးလေ။ကျွန်တော့ဘက်က ကျွန်တော့စိတ်ကို ထိန်းချုပ်ထားခဲ့သလို ကိုကိုကေရာ မထိန်းချုပ်ဘဲ နေခဲ့ပါ့မလား။ဪ...ကိုကိုဆိုတာက ကျွန်တော့အမျိုးသား။ကျွန်တော်တို့နှစ်ယောက်မှာ အသက်အရွယ်၊ပိုင်ဆိုင်မှု၊ရုပ်ရည် ဒါတွေ ကွာခြားသလို တူညီတဲ့ အနေအထားတွေလည်း တော်တော်များများ ရှိတယ်။

ကျွန်တော်က မိဘဆိုတာ မြင်တောင်မမြင်ဖူးဘဲ မိဘမဲ့ကလေးတွေကို ခေါ်ယူမွေးစားထားတဲ့ ဘုန်းကြီးကျောင်းကနေ ဘဝစတင်ခဲ့ရတယ်။ဘဝတူမိဘမဲ့ကလေးတွေနဲ့ ဘဘုန်းတို့ကသာ ကျွန်တော့မိသားစု ဖြစ်ခဲ့တာ။ကျွန်တော် အျမဲ တောင့်တခဲ့တာ သာယာပျော်ရွှင်တဲ့ မိသားစုလေးတစ်ခု။ကျွန်တော်ရယ် ကျွန်တော်ချစ်တဲ့သူရယ် ကျွန်တော့တို့ ရင်သွေးလေးရယ် ။မချမ်းသာရင်နေပါဗျာ။ပြီးပြည့်စုံတဲ့ မိသားစုလေး တစ်ခုတော့ သိပ်ကိုလိုချင်ခဲ့မိတယ်။ဒီလိုအခြေအနေမှာ ကျွန်တော့ဘဝထဲ ဝင်ဖို့ခြေလှမ်းလာသူက ကိုကိုပေါ့။ ဖြစ်လာတဲ့ အနေအထားကြီးကို မနှစ်မြို့လို့ ကျွန်တော်ကိုယ်တိုင် ကိုကို့ရင်ကို ခြေစုံကန်ကာ ထွက်ခဲ့ပေမဲ့ လက်မခံနိုင်ခြင်းတွေ ကြားမှာပဲ ကျွန်တော် ,ကိုကို့ကို ချစ်မိသွားခဲ့တယ်။

ခင်ဗျားတို့သိလား။ကိုယ်က ယောကျာ်းတစ်ယောက် ဖြစ်ရက်နဲ့ တခြားယောကျာ်းတစ်ယောက်ကို ချစ်မိနေပြီဆိုတဲ့ စိတ္ခံစားခ်က္ကို သိလာတဲ့အချိန် ကျွန်တော်တို့အတွက် ဘယ်လောက် ခက်ခဲသလဲဆိုတာ။ကိုယ့်ကိုယ်ကိုယ် ရွံရှာရမလား၊မိန်းမတစ်ယောက်လို မိတ်ကပ်လူး,ထမီဝတ်ပြီးနေချင်တာလား ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်စိတ်ကိုယ် ဒွိဟ ဖြစ်ခဲ့ရတဲ့ အခိုက်အတန့်တွေ ။ကျွန်တော့လို ပျော့တိပျော့ညံ့ လူတစ်ယောက်ကတောင် အဲ့လိုအတွေးတွေနဲ့ ဗျာများခဲ့ရင် ကျွန်တော်ထက် အရပ်အမောင်းတွေ ရုပ်ရည်တွေကအစ အနေအထိုင် အမူအကျင့်တွေပါအဆုံး ယောကျာ်းပီသလွန်းနေတဲ့ ကိုကိုကရော ဒီလို ခက်ခဲတဲ့ အချိန်တွေ မရှိဘဲ နေမှာတဲ့လား ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now