အပိုင်း ၂၉(Z & U)

5.6K 513 31
                                    

Zawgyi

"ဖြစ်ပါ့မလား...အာကာရယ်"

တည်တံ့ကို နားချပြီးနောက်  ဖိုးဖိုးကို တစ်ခါထပ်ပြီး ပြောရပြန်လေသည်။အာကာတို့ပဲ ပြောရင်လက်မခံမှာ သေချာနေလေတော့ ပါးပါးနဲ့ မားမားကိုပါ တပ်ကူခေါ်လာရ၏။ပါးပါးနဲ့ မားမားခမျာလည်း လက်ခံပေးချင်လွန်းတာမျိုး မဟုတ်ပေမဲ့ အာကာကိုယ်တိုင်က စိတ်ဆန္ဒပြင်းပြနေလေတော့ ဘာမှမတတ်နိုင်သည့်အခြေအနေ။

"ဖြစ်ပါတယ်.. ဖိုးဖိုးရယ်။တည်တံ့ကလေးက ကျွန်တော့ကလေးပဲပေါ့."

"အာကာရယ်....မင်း...ပါးပါးနဲ့မားမားကိုအားနာဖို့ကောင်းပါတယ်ကွာ."

"ကျွန်မတို့ကို အားနာစရာမလိုပါဘူး..ဦးရယ်။တည်တံ့ဆိုတာ ကျွန်မတို့သားပါပဲ။တည်တံ့လေးကိုစိတ်ချမ်းသာစေချင်တယ်။ဒါကြောင့်လည်း သား အာကာပြောတာကို လက်ခံပေးခဲ့တာပါ"

မားမားက လက်ခံကြောင်းပြောပြနေပေမဲ့ ဖိုးဖိုးကေတာ့ ခေါင်းခါကောင်းနေဆဲ။

"ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ အရာတွေကွာ။အန္တရာယ်များပါတယ်''

"သမီးကိုယ်တိုင်လည်း သဘောတူပါတယ် ဖိုးးဖိုး။သမီးအပေါ်ကို. ဖိုးဖိုးရဲ့ မြေးအရင်းတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကို ဆပ်ခွင့်ရတယ်လို့ပဲ သဘောထားပေးပါ ဖိုးဖိုးရယ်။ဘာအန္တရာယ်မှ မဖြစ်အောင်လည်း သမီး ဂရုစိုက်မှာပါ။ဆေးပညာကလည်း တိုးတက်နေပါပြီ။အဆင်ပြေမှာပါ"

အချေအတင်ပြောနေကြဆဲမှာပင် အိမ်ရှေ့တံခါးက တွန်းပွင့်လာပြီး ဖြူဖြူသေးသေးလူကောင်လေးက တိုးဝင်လာလေသည်။မတော်တဆဖြစ်ပြီးနောက်ပိုင်း အရိပ္ကဒီအိမ္ကို တံခါးမရှိဓားမရှိဝင်ခွင့်ရသောသူ။သို့သော်လည်း အမြဲလာသူတော့မဟုတ်။အခွင့်သမားလို့ အထင်ခံရမှာ ကြောက်သတဲ့လေ။

"ဒီနေ့ လူစုံနေတာလား ဘာကိစ္စ ရှိလို့လဲ ဖိုးဖိုး''

"ဘာမွ မဟုတ်ပါဘူးကွာ''

ဖိုးဖိုးက မုသားစကားဆိုလိုက်ပြီးမှ မလုံမလဲဖြင့် ချောင်းထဟန့်လေသည်။မိုးအရိပ်က ဖိုးဖိုးရဲ့ ရှေ့မှာ ဒူးလေးကွေးလျက် ထိုင်ချလိုက်ပြီး.

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now