အပိုင်း ၃ (Z & U)

9.2K 803 10
                                    

Zawgyi

"ကိုကိုရေ....လိုအပ်တာတွေ ထည့်ထားပြီးပြီ။ဒီညနေ flightနဲ့ ဆင်းမှာမဟုတ်လား''

အဝတ်အစားတွေ ပြင်ဆင်ပေးနေရင်းမှ အရိပ်လှမ်းပြောတော့ သမီးကို သိပ်နေရင်းခေါင်းညိတ်ပြလေသည်။အရိပ်နှင့်ဆို မျိုးစုံဂျီကျတတ်သောသမီးလေးက ကိုကို့ကိုတော့ ကြောက်ရှာတာမို့ အထွန့်မတက်ရဲ။မအားလွန်းလို့သာ ကိုကို့ကိုသိပ်ခိုင်းလိုက်ရပေမယ့်သမီးကိုတော့သနားမိသား။

"အင်း...အများကြီး မထည့်ပါနဲ့။နှစ်ရက်လောက်ပဲကြာမဲ့ဟာကို"

"မဟုတ်တာကိုကိုရာ။မမနဲ့လည်း မတွေ့တာကြာနေပြီကို တစ်ပတ်လောက်တော့ နေပေါ့ကိုကိုရယ်။မမကလည်း တွေ့ချင်နေရှာမှာ"

"လိုက်ခဲ့ပါလား။အရိပ် ကျန်ခဲ့မှာ ကိုကို စိတ်မချဘူး."

ကိုကို့စကားကြောင့် အရိပ် ပြုံးမိသွားသည်။လွန်ခဲ့သော ၉နှစ်ခန့်က အရိပ်ကို ထားခဲ့ပြီး မပြောမဆိုထွက်သွားခဲ့တာ ဘယ်သူပါလိမ့်လို့ မေးမိချင်ပါရဲ့။

"သမီးလေးရှိသေးတယ်လေ....နောက်..ကျွန်တော်က လေယာဉ်စီးရတာခေါင်းကိုက်တယ်။ကိုကိုသိရဲ့သားနဲ့ သမီးလေး မျက်နှာမြင်တုန်းကတောင် အရိပ် မလိုက်ရဘူးလေ''

ကိုကိုက အရိပ်ရဲ့ခန္ဓာကိုယ်လေးကို ပေါင်ပေါ် ဆွဲထိုင်ချလိုက်ပြီး ခါးကို ခပ်တင်းတင်း ပွေ့ဖက်ထားလေသည်။ပြီးမှ ချုပ်ရိုးရာအပြည့် လက်ချောင်းလေးများကို ဖွဖွကိုင်ကြည့်ရင်း..

"အကုန်လုံး ကိုကို့ကြောင့်ပါ....ကိုကို...မကောင်းခဲ့လို့''

"ရော်...ကျွန်တော့ ကိုကို စိတ်မကောင်းဖြစ်ပြန်ပြီ....ဒါက ကျွန်တော့ဘာသာကျွန်တော်ရွေးချယ်ခဲ့တာလေ။ကိုကို့ကြောင့်မှ မဟုတ်တာ။ပြီးတော့...ကျွန်တော် ကိုကို့ကိုဘယ်လောက်ချစ်တယ်ဆိုတာ သက်သေပြလိုက်ရတာမို့ ဒီဒဏ်ရာတွေအတွက် ကျွန်တော်ကျေနပ်တယ်''

မျက်နှာလေးကိုမော့ပြီး ဝံ့ဝံ့ကြွားကြွားလေးပြောလိုက်တော့ ကိုကိုက ပြုံးကာကြည့်ရင်း အရိပ်ရဲ့နဖူးထက် လက်ချောင်းသွယ်များဖြင့် ဖိကိုင်လာလေသည်။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now