အပိုင်း ၃၃ (Z & U)

6.3K 566 38
                                    

Zawgyi

ဖုံးကွယ်ထားရမလားဆိုတဲ့ စိတ်တစ်ခုနဲ့ ပါးပါးကို ထားခဲ့ပေမဲ့ လေယာဉ်ပေါ်မှာတင် အဆင်မပြေမှုက စလေပြီ။ပါးပါးနဲ့ဆို ဘယ်နေရာသွားသွား မိုးရိပ်ကို တစ်ယောက်တည်းမထား။ကားစီးတာတောင် ဖေတစ်ယောက်တည်း ရှေ့မှာ မောင်းရပြီး ပါးပါးကတော့ မိုးရိပ်နှင့်သာ အမြဲထိုင်ခဲ့သူ။ခုကျ ကြီးကြီးနဲ့ဦးအာကာက ဘေးခုံမှာထိုင်ပြီး မိုးရိပ်ကတော့ တစ်ခုံသက်သက်။ကြီးကြီး အိမ်ကိုရောက်တော့ ခြံဝရောက်ရောက်ချင်းအပြေးလာကြိုသူက ကြီးကြီးသားလေး။မိုးရိက်ရဲ့ မောင်လေးပဲဆိုပါတော့။မတွေ့ရတဲ့အတောအတွင်း ပိုမိုမြင့်မားလာသောအရပ်အမောင်းနှင့် တောင့်တင်းနေသော ခန္ဓာကိုယ်။ဒါတောင် မိုးရိပ်က အရပ်မြင့်သူမို့ မတိမ်းမယိမ်းဖြစ်နေခြင်းပင်။

"မမတည်ကြည် လိုက်လာမယ်လို့ မေမေ ဖုန်းဆက်ထားလို့ သား..စောင့်နေတာ။ဖေဖေ ပစ္စည်းတွေ ပေး။မမ အခန်းထဲ သားပို့ပေးမယ်''

မိုးရိပ်လက်ထဲက အထုတ်တွေရော ဦးအာကာလက်ထဲကအထုတ်တွေကိုပါ ဆွဲယူလို့ အိမ်ထဲဦးဆောင်ဝင်သွားသော ထိုကလေးကို မိုးရိပ်အမြင်မကြည်။သူကကျ ဖေဖေရယ်မေမေရယ်ခေါ်ခွင့်ရှိပြီး မိုးရိပ်ကကျတော့ရော...။

"သမီးငယ်...ဒါ.သမီးငယ် အခန်း။သားငယ် အခန်းသေချာ ရှင်းထားပေးလား''

"ဟုတ်ကဲ့မေမေ...''

မိုးရိပ်ထက်ငယ်တဲ့ ကလေးက မိုးရိပ် နေဖို့အခန်းကို ရှင်းထားပေးတာတဲ့လား။အခန်းထဲကို ဝင်ကြည့်တော့ ရှင်းသန့်နေတဲ့အပြင် တစ်ခန်းလုံး ပန်းအနံ့တွေ သင်းနေလေသည်။

"အဆင်ပြေရဲ့လား..မမ''

"အင်း...''

ရှက်စရာတောင် ကောင်းသေးသည်။မိုးရိပ်ကတော့ ခုအသက်အရွယ်အထိ  အိပ်ခန်းရှင်းတယ်ဆိုတာ ဘာမှန်းပင် မသိ။ပါးပါးကသာ မိုးရိပ် ကိစ္စ အရာရာကို စီမံပေးခဲ့တာမဟုတ်လား။

"သားငယ်...မေမေတို့ မရှိတဲ့ရက်တွေ အဆင်ပြေရဲ့လား''

"ပြေပါတယ်...သားဘာသာ အဆင်ပြေတာ ချက်စားတယ်။ဈေးလည်းမသွားရဘူးလေ။မေမေ အကုန်ဝယ်ပေးထားခဲ့တာပဲကို...''

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now