အပိုင်း ၄ (Z & U)

8.4K 740 26
                                    

Zawgyi

ဒီနေ့ သမီးလေး၃နှစ်ပြည့်။အရိပ်က ဘုရားသွားချင်ကြောင်းအဆိုတင်သွင်းလာတော့ ခပ်စောစောပင် သားအဖ၃ယောက်ဘုရားပေါ်ရောက်ခဲ့ကြသည်၊၊တုတ်တုတ်ခဲခဲသမီးလေးကလည်း မြန်မာအင်္ကျီဝမ်းဆက်လေးနဲ့မို့ ခါတိုင်းထက်ကို ချစ်စရာကောင်းနေသည်။ပါးပြင်မှာလည်း ပါးကွက်ဝိုင်းဝိုင်းလေးက အထင်းသား။သမီးကလေ သနပ်ခါးဆိုတစ်စိမှမကြိုက်ပေမဲ့ သူ့ပါးပါး ဆွဲဆောင်ပြီးလူးပေးသမျှတော့ အသာတကြည်လက်ခံ၏။

အရိပ်ကိုလည်း ကြည့်ဦး။ကော်လံကတုံးအဖြူလေးနဲ့ ပုဆိုးအကွက်စိပ်ကလေးတွဲဝတ်ထားတော့ ကျောင်းသားလေးနဲ့တောင်တူနေသေး။အရွယ်ကလည်း သိပ်ပြီးထွားမလာ။ဒီကြားထဲ ဆံသားပျော့ပျော့လေးများက နဖူးလေးပေါ်ဝဲကျပြီး လုံးလုံးလေးဖြစ်နေလေတော့ ပိုပြီးကိုကလေးဆန်နေတာ။ကိုယ်ကသာကြည့်လို့မဝဖြစ်နေပေမဲ့ မျက်နှာပေါ်ဆံပင်တွေဝဲကျနေသည့်ဒီလိုဆံပင်ပုံစံမျိုးကို အရိပ်ကလုံးဝမကြိုက်။သူ့ခမျာကိုယ်ဒုက္ခပေးထားမိလို့သာ မနှစ်သက်သည့်ပုံစံနှင့်နေနေရသည်ကို တွေးမိတိုင်းစိတ်မကောင်းဖြစ်ရပါသည်၊

"ကိုကို...ဘာတွေငေးနေတာတုန်း...လာလေ''

"ကိုကို့ ကလေးကို ငေးရတာပေါ့ကွ။.ဒီနေ့ တအားချောနေတော့ ကိုကို့ မျက်စိတောင် မခွာနိုင်ဖြစ်ရရော''

အနားကိုကပ်ရင်း ခပ်တိုးတိုးဆိုလိုက်သည့်တည်တံ့စကားကြောင့် အရိပ်မျက်နှာတပြင်လုံး ချက်ချင်းကိုရဲတောက်လာ၏။အရိပ်တစ်ယောက်ရှက်တတ်ပုံကတော့ မင်္ဂလာဦးတစ်ညနဲ့တင် ပြောမဆုံးပေါင်ဖြစ်ရသည်။အနမ်းလေးအစပျိုးတုန်းရှိသေး ဆွတ်ဆွတ်ဖြူတဲ့အသားကတစ်ကိုယ်လုံးရဲတွက်လာလို့ တည်တံ့မှာ ခြေမကိုင်မိလက်မကိုင်မိ။နောက်ဆုံး မီးပိတ်ပေးဆိုမှပဲ ကိစ္စပြီးတော့သည့် အခြေအနေ။

"မျက်နှာက ဘာဖြစ်နေတာလဲ...ပြော''

ရန်ထောင်ချင်ပါသော်လည်း ဘေးနားပတ်ဝန်းကျင်မှာ ဘုရားဖူးအချို့ရှိနေခြင်းကြောင့် ခပ်ကျယ်ကျယ်လည်း မပြောရဲဘဲ တည်တံ့နားကိုမသိမသာ တိုးလာပြီးခပ်ကြိတ်ကြိတ် လာစွာနေလေသည်။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now