အပိုင်း ၂၃(Z & U)

5.9K 541 35
                                    

Zawgyi

"ငါကြီးလာရင် မမ ကိုလက်ထပ်မှာ သိလား ..တည်တံ့"

"အောင်မယ်..အာကာရယ်။နင်ခုမှ ဘယ်အရွယ် ရှိသေးလို့လဲ။လက်ထပ်တယ်ဆိုတာရော နားလည်လို့လား''

၁၄နှစ်အရွယ် ကောင်မလေးရဲ့ မေးခွန်းကို  ၉နှစ်အရွယ် ကောင်လေးက သွားကျိုးလေးတွေ ပေါ်အောင် ရယ်ရင်း ပြန်ဖြေရှာသည်။

"သိတယ်။ပါးပါးနဲ့မားမားလို အဖြူရောင်ဝတ်စုံလေးတွေအတူတူဝတ်ပြီးဧည့်သည်တွေကို မုန့်ကျွေးမယ်။ပြီးရင် တစ်အိမ်တည်းအတူတူနေရမှာလေ''

ပြောပြောဆိုဆိုဖြင့် ကောင်လေးရဲ့လက်သွယ်သွယ်လေးက ကောင်မလေးရဲ့ လက်ချောင်းဖောင်းဖောင်းလေးတွေဆီ သွားချိတ်တွယ်သည်။

"အဲ့ဒါလူကြီးဖြစ်မှ လက်ထပ်ရတာလေ။နင်က ခုမှကလေးလေးပဲရှိသေးတာကို''

"ဒါဆို.....သား လူကြီးဖြစ်တဲ့အထိ မမ စောင့်ရမယ်နော်..."

ကောင်လေးရဲ့စကားကို ကောင်မလေးက ခေါင်းညိတ်ပြလိုက်သလို ဘေးကကြည့်နေသည့်ကောင်လေးကလည်း သက်သေအနေဖြင့် လက်ခုပ်လက်ဝါးတီးကာ အားပေးနေတော့၏။

ဒီနေ့မှာတော့ ကောင်လေးမျှော်မှန်းထားသလိုဖြစ်လာတဲ့နေ့ပေါ့။ခေါင်းညိတ်ဖူးခဲ့သည့် ကောင်မလေးကလည်း စင်မြင့်ထက်မှာ အဖြူရောင်ဝတ်စုံလေးဖြင့် သိပ်ကိုလှပလွန်းနေသည်။ကလေးဘဝကတည်းက ပြောခဲ့သောစကားကို ဒီနေ့အထိတည်အောင်ကြိုးစားခဲ့သော သူငယ်ချင်းနှင့် ကိုယ့်အတွက် တစ်ဦးတည်းရှိခဲ့သောအစ်မ။

ငယ်စဉ်ကတည်းက အထီးကျန်လွန်းသည့် တည်တံ့ဘဝထဲမှာ ဒီနှစ်ယောက်ကသာ တိုးတိုးဖော်ဖြစ်ခဲ့သည်။ရွယ်တူသူငယ်ချင်းဖြစ်သည့်အာကာက တည်တံ့ရဲ့ပြသနာတိုင်းကို သူမပါရင်မပြီးဖြေရှင်းပေးခဲ့သလို တည်တံ့တို့နှစ်ယောက်မှားယွင်းတိုင်းလည်း ဆူဆူပူပူဆုံးမတတ်သူက မမ။

လက်စွပ်ချင်းဖလှယ်နေသည့် မမနဲ့အာကာ့ကို ကြည့်ပြီး တည်တံ့ရင်ထဲ ဝမ်းသာဝမ်းနည်းခြင်းခံစားချက်နှစ်ခုကရောပြွန်းနေသည်။မမကိုနှမြောနေခြင်းလား၊သို့တည်းမဟုတ် အာကာ့အတွက်ဇနီးကောင်းလေးပိုင်ဆိုင်လိုက်ရ၍ ကြည်နူးပေးခြင်းမျိုးလားတော့ မဝေခွဲတတ်တော့ပေ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now