အပိုင်း ၁၆ (Z & U)

5.4K 507 10
                                    

Zawgyi

"ဟေ့ကောင်...ထေတာ့ ထတော့။မင်း လင်အိမ်မဟုတ်တော့ဘူးနော်။ပျင်းမနေနဲ့''

ကြားနေကျ နူးနူးညံ့ညံ့ အသံမဟုတ်တာမို့  အရိပ် မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။ဟုတ်ပါရဲ့။သူ...အခုဦးတည်တံ့ဆီမှာမှ မဟုတ်တော့ပဲ။ဘာလို့များ ဦးတည်တံ့ အိပ်ရာကလာနိုးမှာကိုစောင့်နေမိတာလဲနားမလည်နိုင်။အိပ်ရာမှ လူးလဲထလိုက်ရင်း ကျောပြင်က နာကျင်မှုကို ခံစားလိုက်ရသည့်တခဏ မွေ့ယာအထူဖြင့်သက်တောင့်သက်တာ အိပ်ခဲ့ဖူးသော ကာလကိုတော့ တမ်းတမိသယောင်။

မျက်နှာသစ်တော့လည်း ရေချိုးခန်းထဲ သွားတိုက်ဆေး အဆင်သင့်မျက်နှာသစ်ဆေးအကောင်းစားနှင့် ဘေစင်မှာ မှန်ကြည့်ပြီး တိုက်ရသည့်ဘဝကနေ အိမ်ရှေ့ စည်ပိုင်းနား ရေချွေတာလောင်းရင်း LUXဆပ်ပြာဖြင့် မျက်နှာသစ်ရသည့်ဘဝ။ရေကလည်း မချွေတာလို့ကတော့ ဝယ်ယူရသည်က တစ်နေ့တစ်နေ့ နည်းမည် မဟုတ်။လောဆယ် အလုပ်ရသေးတာ မဟုတ်တော့ ထက်အောင်ကျော်ကို အားနာရမည်။

"ဟေ့ကောင်...ပြီးရင်အဆာပြေ လာစား။ငါ ထမင်းကြော်ထားတယ်။စားပြီးမှ ကျောင်းကိစ္စတွေ သွားလုပ်နော်။ငါ..ဒီနေ့အလုပ်ကစောဝင်ရမှာမို့လို့"

ထက်အောင်ကျော်ကို ခေါင်းငြိမ့်ပြလိုက်ပြီး မျက်နှာသုတ်ပုဝါအပိုင်းလေးနဲ့ မျက်နှာသုတ်လိုက်သည်။အရိပ်မျက်နှာသစ်ပြီးတိုင်း သုတ်ပေးဖို့ရာအဆင်သင့်ဖြစ်နေတတ်သည့် ဦးတည်တံ့ရော အဆင်မှပြေရဲ့လား။နောက်ဖေးစားပွဲပေါ်က နနွင်းရောင်ဝါဝါဖြင့်ကြော်ထားသော ထမင်းကြော်ကလည်း ဦးတည်တံ့လုပ်ပေးသလိုစားကောင်းမည့်ပုံမပေါ်၊ထားပါလေ၊မဝင်ဝင်အောင် ကြိတ်မှိတ်ထိုးသွင်းရတော့မှာပေါ့။ကိုယ့်ဘဝက ခုဆို အိမ်ရှေ့မင်းသားလေးမှ မဟုတ်တော့ပဲလေ။

ရေမိုးချိုးပြီးအဝတ်အစားလဲဖို့အထုပ်ဖြည်ကာမှ မနေ့ကထက်အောင်ကျော်မေးတာကို သတိရမိသေး၏။ကြည့်ပါဦး။အရိပ်ယူလာသမျှ ဦးတည်တံ့နဲ့ကင်းတာမရှိပါလား။အရိပ်အတွက်ဆို အရောင်နုတာလေးတွေကို အဆင်မထပ်အောင်ဝယ်ပေးတတ်သောသူ။နာရီတောင် နိုင်ငံခြားကမှာပေးတာဆိုတော့ အရိပ်မှာနှမြောပြီး ခူထိချမဝတ်ရက်သေး။ခေါင်းရင်းဘက်က နှစ်ယောက်တွဲပုံလေးကလည်း အခန့်သားပါလား။အပြီးဆင်းလာတာမဟုတ်ဘဲ စိတ်ပြေလက်ပျောက်ထွက်လာသလိုပါလားနော်။နှစ်နှစ်နီးပါး အတူနေခဲ့တာဆိုတော့လည်း သံယောဇဉ်က အနည်းအကျဉ်းတော့ကျန်မှာပေါ့လေ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now