Zawgyi
"ခွမ်း....."
ဒေါသစိတ်တို့က သောက်လက်စ ဖန်ခွက်ဆီသို့ ပြုံခဲသွားလေသည်။ကိုယ်က ဒီလောက်တောင် ချစ်ပေးခဲ့ လိုက်လျောခဲ့တာတောင် ကိုယ့်အပေါ်ထားရှိသည့် အရိပ်၏ မေတ္တာက ဟန်ဆောင်ခြင်းသက်သက်တဲ့လား။ငွေကြေးအတွက် ခေတ္တခဏ အသုံးချခံရုံအပြင် မပိုဘူးတဲ့လား။
"ဟင့်အင်း...ငါ မယုံဘူး။မင်းပြောနေတာတွေ ငါမယုံဘူး အာကာ။အရိပ္က ငါ့အပေါ် အဲ့လိုလုပ်မဲ့ လူစားမဟုတ္ဘူးကြ၊ငါ့ကိုသူ တကယ်ချစ်ခဲ့မှာပါ။မင်း..ညာနေတာမဟုတ်လား ဟမ်...ငါ..ကြားခဲ့တာတွေက မဟုတ္ဘူး မဟုတ္လား ဟမ်လို့ အာကာ ပြောစမ်းပါ အာကာ''
အာကာ့ကော်လံစကို ကိုင်လှုပ်ရင်းမှ သွေးရူးသွေးတန်းကို ရေရွတ်နေမိသည်။မဖြစ်နိုင်ဘူးလေ။အရိပ် သူ့အပေါ် ဆက်ဆံတာ၊သူ့အတွက် အလိုက်သိတတ်လွန်းတာတွေ သူအသိဆုံးလေ။
"ခုလေးတင် သူပြောနေတာကို မင်းကိုယ်တိုင် မြင်လာ ကြားလာတာလေ သူကိုယ်တိုင် သူ့ပါးစပ်က ပြောလိုက်တာလေ"
"တော်....အာကာ...မင်းပါးစပ်ကိုပိတ်ထားလိုက်။အရိပ်က ငါ့ကို စိတ်ဆိုးနေလို့နေမှာပါ။ငါ...ထပ်ပြီးသွားမေးမယ်"
"ဟေ့ကောင်...တည်တံ့....ဟေ့ကောင်"
နောက်ကနေ အော်ဟစ်ကျန်ခဲ့သော အာကာ့ကို တည်တံ့ဂရုမစိုက်အား။ခုချိန်မှာ အရိပ်ရဲ့နူတ်ထွက်စကားတစ်ခုကသာ သူ့အတွက် အရေးကြီးနေလေသည်။ခြံဝန်းရှေ့ကိုရောက်ရောက်ချင်း ကျောပိုးအိတ်တစ်လုံးလွယ်လျက် ထွက်လာသောအရိပ်နှင့်ဆုံသည်။
"အရိပ်....ဒါကဘယ်ထွက်သွားမလို့လဲ...ဟမ်"
အရိပ္က ဆွဲထားသည့် သူ့လက်တွေကိုအသာဖြုတ်ချလိုက်ရင်း..
"ခင်ဗျားနဲ့ကျွန်တော် အကုန်ရှင်းပြီးသားပါ ဦးတည်တံ့နေနိုင်.''
"အရိပ်...ကိုကို့ကိုစိတ်ဆိုးနေတာမဟုတ်လား။ကိုကို ဘာလုပ္မိလဲ ပြောလေ။အရိပ်ပြောမှ ကိုကိုကပြင်လို့ရမှာပေါ့ ။အဲ့လိုကြီးကိုကို့အပေါ် မလုပ်သွားပါနဲ့ အရိပ်ရယ်"
လေသံကို ပုံမှန်ထက်ကိုပိုပျော့ပြီး ချော့မော့နေသည့်တိုင် အရိပ်ရဲ့မျက်နှာက ချိုသာခြင်းကင်းမဲ့စွာ ခက်ထန်မြဲ။
YOU ARE READING
ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)
Romanceသမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို စိတ်ကူးယဉ်ပြီ ရေးခဖွဲ့ထားခြင်းဖြစ်ပါတယ်။ကိုယ်သာ...ဒီလိုမိသားစုလေး ပိုင်ဆိုင်ခဲ့ရင်ဆိုတဲ့ စိတ်ခံစားချက်လေးနဲ့ပေါ့..... စတင်သည့်ရက်..17.2.202...