အပိုင်း ၃၂(Z & U)

6.3K 519 34
                                    

Zawgyi

ရုတ်တရက်ဆန်စွာ ဖြစ်ပျက်ခဲ့သည့် အခြင်းအရာများကြောင့် သမီးရော မိုးအရိပ်ပါ ဆေးရုံတက်လိုက်ရသည်။သမီးက ခဏလေးနဲ့ သတိရလာပေမဲ့ မိုးအရိပ္ကေတာ့ နာရီတော်တော်ကြာမှ သတိပြန်ဝင်လာသည်။ငယ်စဉ်ကတည်းက ခံစားခဲ့ရသည့်ဒဏ်ပေါင်းစုံ စုပြီးအရိပ်ရဲ့နှလုံးတစ်စုံဟာ ပုံမှန်လည်ပတ်ဖို့ခဲယဉ်းနေသောအနေအထား။ရောဂါတစ်ခုအနေနဲ့ အမည်တပ်လို့မရသေးပေမဲ့ အားနည်းနေခြင်းကတော့ သေချာသည်။

သမီးမမွေးခင်က အဖြစ်အပျက်များကို ပြန်ပြောင်းပြောပြတော့လည်း သမီးက နားထောင်နေသည့်တိုင် ကျေနပ်ပုံမရ။ဒီကိစ္စတွေဟာ တစ်နေ့ဖြစ်လာမယ်ဆိုတာ ကြိုပြီးခန့်မှန်းထားခဲ့ကြသားပဲ။

"အန်ကယ်ကျော် ပြောပြခဲ့တာတွေက အကုန်အမှန်ပဲ သမီး။သမီးကိုသမီးပါးပါး ဘယ်လောက်ချစ်ပေးခဲ့တယ်ဆိုတာ သမီး အသိဆုံးပါ''

"သမီးကို မညာခဲ့သင့်ဘူးလေ။သမီးမှာ အမေရှိတာကိုတော့ ပြောပြခဲ့သင့်တယ်လေ။အမေမရှိဘူးဆိုတဲ့ ကိစ္စ တစ်ခုအတွက်နဲ့ အတန်းထဲ ဘယ်လောက် မျက်နှာငယ်ရသလဲ...ပြီးတော့.. ပြီးတော့...ယောကျာ်းတစ်ယောက်က ကလေးမမွေးနိုင်တာ သိသိရဲ့နဲ့ ပါးပါးက သမီးကို မွေးတာပါလို့ ခေါင်းမာမိခဲ့တာလေ''

"သမီး..ခံစားရတာ အန်ကယ်ကျော် သိသလို သမီးပါးပါးရော သမီး ဖေ ရော သိပါတယ် သမီးရယ်''

သမီးက ဒူးပေါ် ခေါင်းလေးတင်ထားပြီး မျက်နှာကို ဝှက်ထားလေသည်။ငိုချင်နေပါရဲ့နဲ့ မျက်ရည်မကျအောင် အတတ်နိုင်ဆုံးထိန်းချုပ်နေဟန်ပင်။

"ခု...သမီး ဘယ်လိုဖြစ်ချင်လဲ ပြော။သမီး ပါးပါးကို တွေ့ချင်လား။ခေါ်ပေးရမလား''

သတိရပြီးကတည်းက သမီးက အဖေနှစ်ယောက်စလုံးကို အတွေ့မခံ။မိုးအရိပ်ခမျာလည်း နေမကောင်းရက်က မျက်ရည်နဲ့ မျက်ခွက်။ကိုတည်တံ့ဆိုတာလည်း သမီးနဲ့ မိုးအရိပ်ကြား ဗျာများနေရှာသည်။

"ဟင့်အင်း....သမီး မတွေ့ချင်ဘူး''

"အန်ကယ်ကျော် ဘာလုပ်ပေးရမလဲ''

"သမီး...ကြီးကြီးနဲ့သွားနေချင်တယ်။သမီးကို မွေးပေးခဲ့တဲ့ အမေဆိုတာနဲ့ သမီးသွားနေချင်တယ်''

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now