အပိုင်း ၁ (Z & U)

17.5K 1.1K 21
                                    

Zawgyi

ခြံရှေ့မှ ကားစက်ရပ်သံကို ကြားသည့်တိုင် အရိပ်တစ်ယောက် ကုတင်ထက်မှ ဖင်မကြွနိုင်သေး။အကြောင်းကတော့ သမီးပင်။တစ်ခါမှ ဂျီမကျစဖူး ဂျီကျရင်း အရိပ်ကိုယ်ပေါ်မှာ အိပ်ပျော်သွားခဲ့သည် မဟုတ်လား။ခဏကြာတော့ အခန်းတံခါးဖွင့်သံနှင့်အတူ ကိုကို့မျက်နှာလေး ပေါ်လာလေသည်။အရိပ် နူတ်ခမ်းပေါ် လက်ညိုးလေးတင်ပြတော့ ကိုကိုက ခေါင်းညိတ်ပြပြီး အခန်းတံခါးကို အသံမမြည်စေရန် အသာတွန်းပိတ်လိုက်၏။အရိပ်ဘေးက လွတ်နေသည့် နေရာကို ဖွဖွလေးဝင်ထိုင်လိုက်ရင်းက သမီးရဲ့ နဖူးကို စမ်းသည်။သမီးက ပုံမှန်ဆို ဒီအချိန် အိပ်လေ့အိပ်ထ မရှိဘူးလေ။

"ကိုယ်တော့မပူဘူး ကိုကို။ကျွန်တော့အထင် နို့မှုန့်ပြောင်းတိုက်တာမှာ ဗိုက်နာသွားတာနဲ့တူတယ်။အင်းအင်းတွေလည်း အရည်တွေသွားတယ်။တစ်နေ့လုံးလည်း  ဂျီကျနေတာ ကျွန်တော့လက်ပေါ်ကနေချမရဘူး။ခုမှမောပြီး အိပ်သွားရှာတာ"

လေသံလေးဖြင့် အရိပ်ပြောတော့ ကိုကိုရဲ့ နှုတ်ခမ်းတစ်စုံက အရိပ်နဖူးပေါ်ကျရောက်လာသည်။ပင်ပန်းသွားပြီဆိုတဲ့သဘော။ဒီလိုအမူအရာကလည်း ကိုကိုအလုပ်မသွားခင်နဲ့အလုပ်ကပြန်လာပြီးတိုင်းမပျက်မကွက်လုပ်တတ်သည့်အပြုအမူ။

"ကိုကို...ရေချိုးဦးမယ်နော် ''

"အင်း...ရေသောက်ဦး ကိုကို''

ဟုတ်ကဲ့ခင်ဗျ...ဆိုသည့်စကားကို အရိပ္နားကပ္ကာ ပြောရင်း ရေချိုးခန်းထဲ ဝင်သွားလေတော့သည်။သမီးလေးလည်း အိပ်မောကျနေပြီမို့ ဖြည်းဖြည်းချီမကာ ပုခက်ထဲ ထည့်ပြီး ကိုကို့အတွက်အဝတ်အစားထုတ်ဖို့ရာ ခြေဖွဖွနင်းလို့ အသာထရသည်။ကိုကိုကလေ အေအးကြောက်သည်သာဆိုပေမဲ့ ရေတစ်ခါချိုးရင်တော်တော်နှင့် မပြီး။အရိပ်ရဲ့ ဆော်သြသံမကြားမချင်း အပြင်ပြန်မရောက်တာက ထုံးစံလိုပင်။

"ကိုကို....တော်ပြီလို့....မြန်မြန်ထွက်လာတော့."

"အေးပါ...အေးပါ...ပြီးပြီ...ပြီးပြီ."

တံခါးကိုနှစ်ချက်လောက် ဆင့်ထုမှ ရေစက်လက်ခန္ဓာကိုယ်ဖြင့် ကိုကို ထွက်လာလေသည်။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now