အပိုင်း ၁၃ (Z & U)

6.2K 542 12
                                    

Zawgyi

လေယာဉ်စီးရတာနဲ့ တစ်နေကုန် လည်ရပတ်ရနဲ့ဆိုတော့ သမီးခမျာ မောပြီး အိပ်ပျော်သွားရှာလေပြီ။အဝတ်အစားလည်း မလဲနိုင်။ခြေထောက်က ခြေအိတ်ပင် မချွတ်ဘဲ ကုတင်ပေါ် မှောက်ရက်ကြီး ကို တရှူးရှူး အသံပေးလျက် အိပ်ပျော်နေတော့၏။

"ကိုကိုရေ...သမီးကို အိပ်ရာပေါ် လာတင်ပေးပါဦး။ဒီမယ် သမီးရယ်လေ ပင်ပန်းတာများအဝတ်အစားတောင်မလဲနိုင်တော့။''

တည်တံ့ကိုလှမ်းပြောပြီး အရိပ်ကိုယ်တိုင်လည်း သမီးရဲ့ခြေအိတ်တွေကိုချွတ်လို့ သိမ်းဆည်းနေလေသည်။သမီးခန္ဓာကိုယ်လေး အိပ်ရာပေါ်ကိုနေသားတကျဖြစ်မှ စောင်ကိုအပေါ်ပိုင်းအထိလွှမ်းခြုံပေးပြီး..

"တစ်နေကုန်ဝတ်ထားတဲ့အဝတ်အစားနဲ့ အိပ်ပျော်သွားတာ ။ညကျထလဲလို့အဆင်ပြေအောင် အဝတ်အစားကြိုထုတ်ထားပေးရမယ်၊ကိုကိုလည်း ရေသွားချိုးတော့လေ။ကိုကိုပြီးရင် ကျွန်တော်ချိုးမယ်''

ငယ်စဉ်ကတော့ အပြင်လျှောက်လည်ပြီး ပြန်လာရင် အရိပ်တစ်ယောက်တည်းပဲ သမီးကိစ္စအဝဝကို လုပ်ပေးပေမဲ့ ခုကျသမီးကအရွယ်လာတာရော၊ဖွံ့ဖြိုးလာတာရောကြောင့် လုပ်ပေးလို့ မသင့်တော်တော့ပေ။အရိပ်က တည်တံ့အတွက်ပါ ညဝတ်ထုတ်ပေးပြီး ရေချိုးခန်းထဲအထိ ရေပူရေအေး စမ်းပေးနေသေးသည်။အရိပ်ကလေ တည်တံ့ထက် အများကြီး ငယ်ပေမဲ့ ဘယ်အရာကိုမဆို ပူပူပင်ပင် စိတ်လေးနဲ့ ကိုယ်တိုင် လုပ်ကိုင်ရမှ ကျေနပ်တတ်သည့် သူမျိုး။ခုလည်းကြည့်။သမီးကို သူများနေရာမှာ အခန်းသီးသန့် သိပ်ရမှာ စိတ်မချဘူးဆိုလာ၍  အခန်းကျယ်ကို တစ်ခါတည်းယူလိုက်ရခြင်းသာ။

ရေထိလိုက်မှ လူလည်းလန်းသွားတော့၏။တစ်နေကုန် သမီးနောက်ကိုလျှောက်လိုက်ရတာလည်း လွယ်သည့်အလုပ်တော့မဟုတ်။မြန်မာပြည်မှာဆို အပြင်ထွက်ခဲလှပေမဲ့ ဒီလိုရေမြေခြားမှာတော့ အရိပ်တို့ကို လက်ညိုးထိုးကဲ့ရဲ့မည့်သူမရှိဘူးလေ၊ဒီတော့ သမီးစိတ်ကြိုက် လည်ပတ်စေခဲ့သည်၊အသံတိတ်နေလို့အရိပ်ကိုလှမ်းကြည့်တော့ ကုတင်ခြေရင်းက ဆိုဖာပေါ်မှာ ထိုင်ရက် အိပ်ပျော်နေလေပြီ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Donde viven las historias. Descúbrelo ahora