အပိုင်း ၂၄ (Z & U)

6K 531 44
                                    

Zawgyi

မနက်ဆို ကုမ္မဏီကိုအစောဆုံးရောက်အောင်လာပြီး ကိုကို့အတွက် ကော်ဖီဖျော်ပေးခြင်းက အရိပ်ပုံမှန်လုပ်ဖြစ်သော အလုပ်တစ်လုပ်။ကိုကိုကအရိပ်ကိုမကြည်ပေမဲ့ ဖျော်ပေးထားသည့်ကော်ဖီကိုတော့ သေချာလေးသောက်လေ့ရှိသလို ကော်ဖီအတွက်အဖိုးအခအနေဖြင့် ထောင့်ငါးရာအမြဲပေးတတ်သည်၊ချစ်ခြင်းမေတ္တာကိုမှတ်ယူတဲ့အနေနဲ့ထောင့်ငါးရာပေးတာမဟုတ်ဘဲ ကော်ဖီဆိုင်မှာထိုင်လည်း ကျသင့်သည့်ငွေကြေးတဲ့လေ။ငွေမက်သော အရိပ်အတွက် ငွေကသာ အရေးကြီးဆုံးလို့ ကိုကို့ခေါင်းထဲစွဲနေပုံပါပဲ။

ဒီမနက်တော့ ရုံးခန်းပေါ်တက်လာသည့်ကိုကို့ကိုကြည့်ပြီး အရိပ် စိတ်ထဲ စနိုးစနှောင့်ဖြစ်ရတော့သည်။ကိုကို့ဘေးမှာ ယှဉ်တွဲပြီးပါလာသော အမျိုးသမီးက ဘယ်သူဘယ်ဝါမသိပေမဲ့ ပြုံးပြီးစကားပြောလာပုံထောက်လျှင် အတော်အတန်ရင်းနှီးသူသာ ဖြစ်ရမည်၊၊ရုံးကို အမျိုးသမီးဧည့်သည်ခေါ်လာတာမထူးဆန်းပေမဲ့ ခေါ်လာသူက ကိုကိုဖြစ်နေတာမို့ အပေါ်ထပ်ကဝန်ထမ်းတွေအကုန် တီးတိုးတီးတိုး.သဖန်းပိုးတွေဖြစ်ကုန်ကြ၏။

"မိုးအရိပ်ရောင်...ရုံးခန်းထဲကို ကော်ဖီတစ်ခွက်ပို့ပေး။မိုး..မိုးကအခါးကြိုက်တာနော်''

"ဟုတ်တယ်...ကိုနိုင်''

ကိုနိုင်တဲ့လား။ကိုကို့နာမည်ကို အပြည့်အစုံတောင်မခေါ်တော့တဲ့အခြေအနေဆိုတော့ တော်ရုံရင်းနှီးတာတော့ မဟုတ်တန်။ကော်ဖီကိုလည်း ခါးခါးမှကြိုက်ကြောင်း ကိုကို့နူတ်ကပြောသွားတော့ သောက်မရအောင်အထိ ခါးသက်ပစ်လိုက်ချင်သည်။သို့ပေမဲ့လည်း ကိုကိုခေါ်လာသည့်ဧည့်သည်မို့ တစ္ခုခုသာ စိတ်အနှောင့်အယှက်ဖြစ်သွားလျှင် အရိပ်အပေါ်ကို ပို၍မကောင်းမြင်ပေတော့မည်။

"ခွမ်း..."

လက္က ပြန်ယောင်နေသည့်အရှိန်ကြောင့် အရာဝတ္တုများကို ကြာကြာကိုင်ထား၍ မမြဲ။ကိုကို့ကိုငေးမိနေရင်း ကိုင်ထားမိသည့်ကော်ဖီခွက်က လက်တုန်သည့်အခြေအနေကြောင့် ထိန်းမရဘဲ ပြုတ်ကျသွားရတော့သည်။

"ဘယ်လိုဖြစ်ရပြန်တာလဲ ။မင်းလက်က ကော်ဖီခွက်လေးတောင် မနိုင်ဘူးလား။ဖယ်ဖယ်..မိုး..ထမီတွေပေကုန်ပြီ။တစ်ချက်သွားဆေးလိုက်နော်။ဟေ့ရောင် ထ။မင်းလက်တွေ မပူဘူးလား ''

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now