အပိုင်း ၃၇(Z & U)

6.9K 547 52
                                    

Zawgyi

ဖုန်းမျက်နှာပြင်မှာ ပေါ်လာသည့် စာကြောင်းလေးကို ကြည့်ပြီး မိုးရိပ် ရင်ထဲ နွေးခနဲ။''ရိပ် ကို ချစ်တယ်..''တဲ့လား။ခန့်ထည်ဝါဆိုသော လူသားဆီက ကြားရသည့် စကားမို့ အကြွင်းမရှိကို မိုးရိပ် ယုံကြည်သည်။ဆယ်ကျော်သက် အရွယ်ကတည်းက ရင်းနှီးခဲ့ရသူ မဟုတ်လား။မိုးရိပ်ရဲ့အခက်အခဲတိုင်း ကိုကူညီပေးခဲ့ပြီး တိုင်းတစ်ပါးရောက်လာချိန်အထိ ညီမအရင်းအခြာတစ်ယောက်နှယ်စောင့်ရှောက်ပေးခဲ့သော ဒီလူသား။

".......''

ဖုန်းမျက်နှာပြင်မှာ ထည်ဝါ ဆိုသော စာလုံးလှလှလေး ပြေးလွှားနေသည်။

"အင်း...ထည်ဝါ...''

"ကိုယ့် ကို ဘယ်လိုသဘောရလဲ...''

တစ်ဖက်က ကြားနေရသည့် အသံက မိုးရိပ် ရင်ထဲအထိ ထိုးဖောက်ဝင်ရောက်လာလေသည်။နှလုံးသားရဲ့ ဆန္ဒအတိုင်းသာဆို လက်ခံဖို့ အဆင်သင့် ဖြစ်နေပေမဲ့ အကြောင်းတစ်စုံတစ်ရာကြောင့် နှုတ်ခမ်းဝမှာ တစ်ဆို့နေလေသည်။ပြောသင့်သည့် စကားအချို့ကို အတွေးထဲ အလျင်အမြန် စာစီလိုက်ပြီး...

"ထည်ဝါကို ဘယ်လို သဘောရလဲ ဆိုတာထက် ရိပ် အပေါ် ထည်ဝါ ဘယ်လောက်ထိ မျှော်လင့်ထားသလဲဆိုတာကို သိချင်တယ်...''

"ရိပ်, သာလက်ခံမယ်ဆို ကိုယ် လူကြီးစုံရာနဲ့ လာတောင်းချင်ပါတယ်.''

"ရိပ်က ပုံမှန်မဟုတ်တဲ့ မိသားစုတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ ထည်ဝါ သိပါတယ်။ရိပ် ရဲ့ မိသားစု၊ရိပ် ရဲ့ အဖေတွေကို ထည်ဝါမိသားစုက လက်ခံနိုင်မှာတဲ့လား.''

"ကိုယ်...လက်ခံနိုင်တယ်လေ''

"ထည်ဝါ လက်ခံခဲ့တယ်ဆိုတာ ရိပ်သိတယ်လေ။ဒါပေမဲ့ ထည်ဝါ မိသားစုဘက်က လက်မခံတာမျိုး ရှိနေခဲ့ရင် ရိပ် အတွက်နဲ့ ရိပ် ရဲ့ အဖေတွေကို ထိခိုက်တာမျိုး မဖြစ်စေချင်ဘူး။ရိပ်ရဲ့အဖေတွေကို တခြားသူက လာထိပါးတာမျိုး ရိပ် လက်မခံနိုင်ဘူး။အဲ့ဒီတော့ ရိပ်နဲ့ပတ်သက်ပြီး ထည်ဝါမိသားစုကို အရင်ဖွင့်ပြောပါ။လက်ခံနိုင်ပါတယ်ဆိုမှ ရိပ်တို့ ဆက်ဆွေးနွေးကြတာပေါ့.''

ထည်ဝါဖုန်းမချခင်မှာပင် မိုးရိပ်ဘက်မှ ဆက်သွယ်မှုကို အရင်ဖြတ်တောက်ပစ်လိုက်သည်။ထည်ဝါကတော့ မိုးရိပ်ကို နှလုံးသားမရှိတဲ့လူလို့များထင်သွားလေမလားမသိ။တကယ်တော့လေ မိုးရိပ်အတွက်က အရာအားလုံးထက် ချစ်ခြင်းမေတ္တာကို ပိုပြီးအလေးအနက်ထားခဲ့တာပါ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now