အပိုင်း ၂၁(Z & U)

5.8K 538 25
                                    

Zawgyi

သက္ကရာဇ်များစွာ ကျော်ဖြတ်ပြီးနောက်  မြန်မာပြည်ကို ပြန်လည်ခြေချခဲ့လေပြီ။ပြောင်းလဲသွားသည့် အနေအထား အချို့တို့က အမြင်အာရုံထဲ မယဉ်ပါးသေး။ပြန်လာမည်ဟု ကြိုတင်မပြောထားတာမို့ လာကြိုမည့်သူလည်း မရှိ။ဒီမြေဒီရေကို တည်တံ့အလိုသာဆို ပြန်မလာချင်။ပြောရင်ပြောသလိုလုပ်တတ်သည့်မမကြောင့်သာ မဖြစ်မနေပြန်လာရခြင်းဖြစ်သည်။တည်တံ့အတ္တတစ်ခုအတွက်နဲ့ကတော့ မမနဲ့အာကာရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးသင့်ဘူးလေ။

"အ...."

"ဟာ...sorry...sorryပါ''

ဓာတ်လှေကား အဝင်အထွက်မှာ အလောတကြီး ထွက်လာသော လူတစ်ယောက်နှင့်ဝင်တိုက်မိခြင်းကြောင့် တည်တံ့လည်း ဓာတ်လှေကားထဲမရောက်သလို ထိုသူ့လက်ထဲမှ စာရွက်စာတမ်းအချို့သည်လည်း ကြွေပြားကြမ်းပြင်ပေါ် ပြန့်ကြဲသွားတော့သည်။တစ်ယောက်တည်း ကုန်းရုန်းကောက်နေတာမို့ တည်တံ့ပါကူကောက်ရင်း မျက်နှာချင်းဆိုင်မိခိုက် လှုပ်ရှားလက်စ နှလုံးသားတစ်စုံက တချက်ချက်အသံပေးလာသည်။သူ့ကိုမေ့နိုင်ဖို့ တိုင်းတပါးမှာ နှစ်ရှည်နေခဲ့သော်လည်း အကြည့်တစ်ချက်နဲ့တင်အရာအားလုံးအချည်းနှီးဖြစ်သွားရတော့၏။

"ကိုကို...."

ဘယ်တော့မှ မမေ့နိုင်ခဲ့ပါသော သံချိုတေး။

"Sorry...မင်းကိုကိုယ် မသိဘူး။မိုးအရိပ်ရောင်''

သေစမ်း၊မသိဘူးဆိုပြီး နာမည်ပါသွားရွတ်ပြမိသည်အထိ တည်တံ့စိတ်တွေယောက်ယက်ခတ်နေရသလား။

ရှက်ယမ်းယမ်းတယ်ပဲပြောပြောပါ။အဆင်သင့်ပွင့်လာသည့် ဓာတ်လှေကားထဲ မပြေးရုံတမယ်လှမ်းဝင်လိုက်မိသည်။အရိပ်ကတော့ တံခါးပြင်ပမှာ မတ်တက်ကလေးရပ်လျက် တည်တံ့ဆီမျက်နှာမူထားဆဲ။တဖြည်းဖြည်းပိတ်သွားသည့်တံခါးချပ်နဲ့အတူ အရိပ်လည်းမြင်ကွင်းထဲမှပျောက်သွားလေပြီ။ဘယ်ဘက်ရင်ဘက်ကိုမသိမသာဖိထားရင်း ဆံပင်အုပ်အုပ်နဲ့အရိပ်မျက်နှာက အမြင်အာရုံထဲ တဝဲလည်လည်။ဆံပင်ရှည်တာကိုမကြိုက်ဘူးလို့ပြောခဲ့ဖူးတာက တည်တံ့အမှတ်မှားတာများလား။ပြီးတော့ ဒီလောက်အချိန်အတောအတွင်းက အရိပ်ရဲ့ညှက်သေးသေးခန္ဓာကိုယ်လေး ဖွံ့ဖြိုးထွားကျိုင်းလာဖို့ မလုံလောက်ခဲ့ဘူးလား။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now