အပိုင်း ၆(Z & U)

7.2K 647 16
                                    

Zawgyi

ကစားကွင်းထဲ တွေ့သမျှ အကုန် စီးချင်နေသော သမီးနောက် ကိုကိုပင် တကောက်ကောက်လိုက်ရသည်။အရိပ်က အဲ့လိုဟာတွေ မစီးနိုင်။ကြောက်လည်း ကြောက်သလို မူးတာလည်း အရက်သောက်မိသည့်အတိုင်း။ဒါကြောင့်မို့ ခပ်ငယ်ငယ်ကတောင်ဘုရားပွဲဘာညာလာရင် ရဟတ်ဘယ်တော့မှမစီး။

ယခုလည်း ပင်လယ်ဓားပြစီးမည်ဆိုသော သမီးကြောင့် ကိုကို လက်မှတ်သွားဖြတ်ရပြန်သည်။သားအဖနှစ်ယောက် နေရာယူကာ ထိုင်ကြတော့ ကိုကို့ဘေးမှာ သမီး.။သမီးရဲ့ဘေးမှာ နောက်ထပ် သားအမိဖြစ်ဟန်တူသော အမျိုးသမီးနှင့် ကောင်ကလေး။ကိုကိုက ထိုအမျိုးသမီးကိုပြုံးရယ်ပြီးစကားပြောနေတာအရိပ်မြင်လိုက်ရ၏။မြင်ဖူးနေသော အမျိုးသမီးလို့စိတ်ထဲထင်နေပေမဲ့ စဉ်းစားမရတော့။စဉ်းစားလေ ခေါင်းကိုက်လေ ဖြစ်လာပြီး ပင်လယ်ဓားပြလှေကလည်း အရှေ့အနောက်ရွေ့ရှားနေပြီမို့ အကြည့်တွေကိုအောက်သာစိုက်ထားလိုက်သည်။

"ဟိုက..ဆင်းလာတဲ့ လင်မယားက လိုက်ဖက်လိုက်တာဟယ် ကလေးတွေကိုလည်း ကြည့်ဦး ချစ်စရာလေးတွေဟယ်."

"အဲ့ဒါ ငါ့သားကျောင်းက ကလေးမလေး။သူ့အဖေက အမြဲလာကြိုတာ။ခုမှပဲ သူ့အမေကိုမြင်ဖူးတော့တယ်။အချောမိသားစုဟဲ့''

မိန်းမနှစ်ဦး ပြောနေရာကို ကြည့်မိတော့ ကိုကိုတို့သားအဖနှင့် ခုနက သားအမိ။လှေကားထိပ်ကနေအတူတူဆင်းလာကြရင်း စကားကလည်းအမျှင်ပြတ်ပုံမပေါ်။အောက်ရောက်တော့ အမျိုးသမီးက လက်ပြနူတ်ဆက်ပြီးထွက်သွားသလို ကိုကိုတို့လည်းအရိပ်ရှိရာသို့ ပြန်လျှောက်လာကြ၏။

"အရိပ်..ပင်ပန်းနေပြီလား"

ပျက်နေသည့် အရိပ့်မျက်နှာကို ကိုကိုက ချက်ချင်းတန်းခနဲ သိသည်။ဒီလောက်တောင် အရိပ်ကို နားလည်သည့် ကိုကို့ကို အရိပ် ဘယ်လိုအနေအထားမျိုးနဲ့မှ မစွန့်လွှတ်နိုင်။အရိပ်ခေါင်းခါပြလိုက်သည့်တိုင် နဖူးကထွက်နေသည့်ချွေးတွေကို သုတ်ပေးပြီးအအေးဘူးကိုပါဖောက်လို့အရိပ်နူတ်ခမ်းဝ၌ ပိုက်တေ့ပေးလေသည်။

"ချွေးတွေထွက်နေပြီ နေပြင်းလို့ထင်တယ်။ခဏနေ.ပြန်ကြမယ်လေ...နော်..."

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now