အပိုင်း ၃၁ (Z & U)

6.2K 509 37
                                    

Zawgyi

မနက်ဆို ပြည်ပထွက်ရတော့မည်။မိုးအရိပ်ရဲ့ မင်္ဂလာနေ့ဆိုလည်း မမှားပါဘူးလေ။တကယ်တော့ ဒီလိုနေ့မှာ အတူရှိပြီး ဂုဏ်ပြုပေးချင်ခဲ့တာပါ။အခြေအနေကမပေးတော့ ထွက်ခွာမဲ့ရက်နဲ့က တစ်ရက်တည်းလာတိုက်ဆိုင်နေသည်။ခုထိလည်း မိုးအရိပ္ကို သွားမဲ့အကြောင်း ဖွင့်မပြောရသေး။ပြောလိုက်ရင် တားမွာ၊ငိုမွာ စိုးကြောက်နေမိ၏။ဟက်...။ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ထက်အောင်ကျော်မရှိတော့လည်း မိုးအရိပ်ဘဝကဘာများထူးခြားသွားမှာမို့လို့လဲ။တကယ်ခံစားနေရသူက ထက်အောင်ကျော်သာ။တစ်ဖက်ကုတင်မှာ အိပ်ပျော်နေတဲ့ မိုးအရိပ်ရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း ရင်ထဲ မချင့်မရဲ။ထားခဲ့လို့ရော ဖြစ်ပါ့မလား။အဆင်ပြေပြေ နေနေပါ့မလား ဆိုတဲ့အတွေးတွေက ခေါင်းနဲ့တောင် မဆန့်ချင်။

အိပ်ပျော်နေတာများ ကုတင်ဘေးသွားကပ်ထိုင်တာတောင် တစ်ချက်မှမသိ။အရင်ကဆိုရင်လေ အိမ်မက်ဆိုးမက်ပြီးလန့်နိုးရလွန်းလို့ ဘေးမှာထက်အောင်ကျော်မရှိဘဲကို မရသည့်အခြေအနေ၊ခုကျတော့လည်း သူ့ဟာနဲ့သူ အဆင်ပြေပြေလေးရှိနေတော့ အိမ်မက်ဆိုးတောင်ဘာမှန်းမသိတော့ဘူးထင်ပါရဲ့။အိပ်နေရင်းကနေ နှူတ်ခမ်းပါးက တွန့်ချိုးသွားလေသည်။အိမ်မက်ထဲမှာ ကိုတည်တံ့နဲ့ဘယ်လောက်တောင်ပျော်နေပါလိမ့်။ပါးဖောင်းဖောင်းကို လက်ဖြင့်အသာအယာထိကပ်လိုက်တော့လည်း ပြုံးနေဆဲပါပဲ။

ခုဆို မမနန္ဒာရဲ့ ဝမ်းကြာသိုက်မှာလည်း ကလေးလေးကအောင်မြင်စွာ သန္ဓေတည်သွားနိုင်ခဲ့ပြီ။ကလေးတစ်ဖက်နဲ့ မိုးအရိပ်တစ်ယောက်တော့ ပိုမိုပင်ပန်းနေတော့မှာပင်။ဘယ်တတ်နိုင်ပါ့မလဲ။ဒီလိုမျိုးမှ မဟုတ်လည်း ကိုတည်တံ့အဖိုးက လက်မှမခံတာ။ချစ်တဲ့သူနဲ့ပေါင်းဖက်ရဖို့အရေး ခက်ခဲမှုကလွန်လွန်ကဲကဲပါလားနော်။ကလေးအထိန်းမတော်တဲ့ ဒီကောင်လေး ကလေးတစ်ယောက်နဲ့ အဆင်ပြေပါ့မလား။ယောကျာ်းတစ်ယောက်နဲ့ အိမ်ထောင်ပြုထားတဲ့ဘဝမှာ နေပျော်ပါ့မလား။တစ်နေ့နေ့ သွေးသားမဟုတ်မှန်း ကလေးလေးက သိသွားရင်ရော အဆင်ပြေပါ့မလား။စိတ်ချရပါပြီလို့ ဘယ်လောက်တွေးတွေး စိတ်ထဲတော့ ကြံဖန်ပြီးပူမိနေဆဲ။ဒီပုံစံနဲ့ ဘယ္လိုမ်ား ထားပြီးထွက်သွားရပါ့မလဲ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now