အပိုင်း ၂ (Z & U)

10.9K 865 24
                                    

Zawgyi

ဒီနေ့ အလုပ်နားရက်မို့ အေးအေးလူလူ အိပ်နေခဲ့မိ၏။အိပ်ရာနိုးလာချိန်မှာတော့ အရိပ်ရော သမီးရော အခန်းထဲ မရှိ။နာရီမှာ ပြနေသည်က မနက်၈နာရီ။ဒီသားအဖ စောစောစီးစီး ဘယ်သွားကြပြန်ပါလိမ့်။အရိပ်ဆိုတာလေ တစ်ချက်မှ အငြိမ်မနေချင်သည့် လူစား။ကိုယ္ကေတာ့ သူ့ကျန်းမာရေးကြောင့် စိတ်ပူပြီး အရိပ်တကြည့်ကြည့်။သူကတော့ အခြေအနေပေးရင်ပေးသလို လုပ်ချင်တာကို စွတ်လုပ်တတ်၏။မွေးထားသည့်သမီးဆိုတာကလည်း အရိပ်နဲ့ တထေရာတည်း။ကိုယ်တွေ ယောကျာ်းဘယ်လောက်ချစ်သလဲဆိုတာ စဉ်းစားသာကြည့်။

"ဟာ...ကိုကို နိုးနေပြီလား"

အိပ်ရာက ထဟန်ပြင်ဆဲမှာပင် အခန်းတံခါးကိုတွန်းဖွင့်လျက်အရိပ်တို့သားအဖဝင်လာလေသည်။မျက်နှာပေါ်သနပ်ခါးတင်ရမည်ဆို မျိုးစုံသောင်းကျန်းတတ်သည့်  သမီးကလည်း သစ်ရွက်ပုံပါးကွက်ကြားဖြင့်။သူ့သမီးကို ဘယ်လိုတောင်ချော့မော့လူးထားပေးသည်မသိ။

"အင်း..ခုမှနိုးတာပါ။အရိပ်က ဘယ်သြား''

တည်တံ့အမေးကို ပြန်မဖြေရသေးခင် သမီးရဲ့ဂါဝန်ကြိုးစကို အကျအနချည်ပေးနေသေးသည်။ပြီးမှ...

"ကိုကို့အတွက်မနက်စာသွားဝယ်တာလေ။ကိုကိုပဲ မုန့်ဟင်းခါးစားချင်တယ်တဖွဖွပြောနေပြီး..''

"သြော်..၃ယောက် အတူတူသွားစားချင်တယ်ပြောတာလေ ကိုကိုက"

အလိုမကျသည့်လေသံဖြင့် တည်တံကဆိုတော့ ခပ်ပြေပြေအပြုံးတစ်ခုကို နှုတ်ခမ်းထက်မှာတင်ရင်း..

"သမီးနဲ့သွားစားဖို့ကဘယ်လွယ်မလဲလို့၊သမီးကဟိုဆွဲဒီဆွဲအရွယ်လေကိုကိုရယ်။ရေနွေးပူတွေဘာတွေဆွဲချမိတော့ဘယ်နှယ့်လုပ်ပါ့မလဲ။ကဲပါ...ထတော့။မျက်နှာသစ်ပြီး အောက်ဆင်းလာတော့နော်၊ကျွန်တော်..ကိုကို့အတွက်ပြင်ပေးထားမယ်''

အရိပ်ပြောသည်က မမှားပေ။သမီးက မိန်းကလေးသာဆိုပေသိ တစ်ချက်လေးမှအငြိမ်နေတာမဟုတ်။

"ကဲ...ထေတာ့ဆို''

မထေသးဘဲ နေနေခြင်းကို စိတ်မရှည်လာဟန်ဖြင့် တည်တံ့လက်ကိုလာဆွဲထူတော့ သမီးကပါကုတင်ပေါ်ကုတ်ကပ်တက်လာပြီး အရိပ်နှင့်အပြိုင်ဆွဲကာ ခိုးခိုးခစ်ခစ်ရယ်နေလေတော့သည်၊

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now