အပိုင်း ၂၆(Z & U)

6.9K 564 40
                                    

Zawgyi

အရက်ဆို အနံ့တောင် မခံနိုင်သည့် အရိပ်က ဘယ်သူအားကိုးနဲ့များအရက်တွေ လှိမ့်သောက်နေပါလိမ့်။စင်ပေါ်မှာကတည်းက တည်တံ့ကိုစိုက်ကြည့်နေပြီး စင်အောက်ရောက်တော့လည်း ပျက်ချင်ချင်ဖြစ်နေသည့်ခြေလှမ်းများဖြင့် တည်တံ့ဆီ ရောက်လာကာ စူးစူးစိုက်စိုက်ကြည့်နေပြန်သည်။သူမြင်မြင်သမျှက အမှန်မဟုတ်ဘူးလို့ ထင်နေပုံပါပဲ။နောက်တော့ တည်တံ့ကိုရှောင်ကွင်းပြီး အဝင်ဝတံခါးကနေ တစ်လှမ်းချင်းထွက်သွားပြန်၏။ခုချိန်မှာ အားလုံးလိုလိုက သောက်စားပျော်ပါးပြီးကိုယ့်အာရုံနဲ့ကိုယ်မို့ တည်တံ့ရှိနေတာကို သတိမထားမိသလို အရိပ်သွားရာနောက် ထပ်ကြပ်မကွာလိုက်သွားခြင်းကိုလည်း မည်သူမှ အဖက်မလုပ်ကြပေ။

ရှေ့ကနေ ယိုင်ထိုးပြီးလျှောက်သွားနေတာများ ခုပဲပစ်လဲတော့မလိုလို၊လမ်းကတွေ့သမျှကိုပဲ ဝင်တိုက်တော့မလိုလိုနဲ့ အနောက်ကနေကြည့်ရင်း ကိုယ့်မှာ ရင်တမမ။တစ်နေရာရောက်တော့ အရိပ်ရဲ့ခြေလှမ်းတွေ တုံ့ခနဲရပ်သွားပြီး..

"ကိုကိုနဲ့ဆုံခဲ့တဲ့နေရာလေး..။ဒီနေရာမှာ ငါ့ခြေထောက် ဒဏ်ရာကို ကိုကိုလုပ်ပေးခဲ့တာ''

ဘယ်သူမှမရှိသည့် သစ်ပင်ဘက်လှည့်ပြီး လက်ဟန်ခြေဟန်ဖြင့် ရှင်းပြနေသည့်အရိပ်။နှစ်တွေကြာခဲ့ပြီဆိုပေမဲ့ ဒီနေရာ၊ဒီအုတ်ခုံလေးက မပြောင်းလဲသေးပါလား။ဒီနေရာလေးမှာ အရိပ်နဲ့တည်တံ့စတွေ့ခဲ့တာဖြစ်ပြီး လွန်ခဲ့သောအချိန်ကဆယ်ကျော်သက်လေးက ခုဆို နှစ်ဆယ်ကို နှစ်နှစ်မျှ စွန်းလာခဲ့ချေပြီ။

"အယ်..ဘယ်ကရေတွေကျ။ဟိတ်..ငါ့အပေါ်ဘယ်သူရေလောင်းချတာလဲကွ။ငါ့ကိုကိုမရှိဘူးဆိုပြီး ငါ့ကိုအနိုင်ကျင့်ချင်တာလား။ဟုတ်တယ်။ငါ့မှာ ငါ့ကိုကိုမရှိတော့ဘူး။ငါ့ကိုမချစ်တော့ဘူးတဲ့။မိန်းမယူတော့မှာတဲ့..ကိုကိုရေ...ကျွန်တော့ဆီပြန်လာပါ။ကျွန်တော်လိမ္မာပါပြီ''

မိုးရာသီကာလမို့ မိုးရွာတာကိုတောင် ရန်ထောင်ချင်စရာအဖြစ်သတ်မှတ်နေပြီး တည်တံ့ကိုပါ အော်ဟစ်ခေါ်ဆိုနေပြန်သည်။အသံကျယ်နေရာကနေ တဖြည်းဖြည်း တိုးဝင်သွားပြီး တစ်စက်စက်ကျနေသည့်မိုးစက်တွေကြား ခေါင်းကိုငိုက်စိုက်ချထားလေသည်။ခပ်လှမ်းလှမ်းမှာရပ်နေရာကနေ သူ့အနားသွားလိုက်ပြီး မိုးစက်တွေကျနေသည့်ဦးခေါင်းငယ်ထက် လက်နှစ်ဖက်ဖြင့်အုပ်မိုးထားလိုက်တော့ မော့ကာကြည့်လာရင်း...

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now