အပိုင်း - ၃ (Zawgyi + Unicode)

30.4K 3.1K 355
                                    

#For Zawgyi

လေးငယ် အခန်းထဲက ထွက်သွားသည်နှင့် ချမ်း မျက်စိရှေ့မှ ဆိုဖာခုံကို ပိတ်ကန်လိုက်မိတော့သည် ။

ဘာတဲ့ ။ ချမ်းက ထူးချွန်သာဆိုတဲ့ ဟိုလူကြီးဆီမှာ စာသင်ရမတဲ့လေ ။ မွေးသမိခင်နှင့် ဦးလေးတော်က ချမှတ်လိုက်တဲ့ အမိန့်တစ်ရပ်ဆိုပဲ ။

အဟက် !!! လွယ်မလား ။ ချမ်းကို အမိန့်ပေးဖို့ အဲ့လောက်လွယ်မတဲ့လား ။ ဝေးသေး ။

နဂိုကတည်းကမှ စာနဲ့ပတ်သက်ရင် ပျင်းရတဲ့ကြားထဲ ချမ်းကို သင်ပေးမယ့်သူက ထူးချွန်သာ လို့ သိလိုက်တဲ့နောက်တော့ မသင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်က အတွေးထဲမှာ ချက်ချင်းကို ခိုင်ခိုင်မာမာ ချပြီးသား ဖြစ်သွားတော့သည် ။

ဘယ်လိုရေစက်ဆိုးနှင့်မှန်းမသိ ။ မေတို့ကပဲ အရမ်းအမွှန်းတင်လွန်းလို့လားတော့ မပြောတတ် ။ ထူးချွန်သာဆိုတဲ့ အဲ့ဒီလူကြီးကို ချမ်း မမြင်ဖူးခင် ငယ်စဉ်ကတည်းကကို ကြည့်မရဘဲ မျက်မုန်းကျိုးခဲ့တာပင် ။ ချမ်း လူမှန်းသိတတ်စ အရွယ်ကတည်းက ထူးချွန်သာဆိုတဲ့ အဲ့ဒီအမည်ပိုင်ရှင်ရဲ့ ဘုန်းတော်ဘွဲ့ချီးမွမ်းခန်းတွေကို နားနဲ့မဆန့်အောင် ကြားခဲ့ရသည် ။

ထူးချွန်သာဆိုသည့် နာမည်အတိုင်း တကယ်ကို ထူးချွန် ထက်မြက် သာလွန်ကြောင်း ၊ အရွယ်နဲ့မလိုက်အောင် သိတတ်လိမ်မာကြောင်း ၊ ကာယအား ဉာဏအားနဲ့ ပြည့်စုံပြီး ဆုတံဆိပ်ပေါင်းများစွာနှင့် ကျောင်းဂုဏ်ဆောင်သည့် စံပြကျောင်းသားတစ်ယောက်ဖြစ်ကြောင်း စသဖြင့် စသဖြင့် အကြောင်းအရာများက မထပ်နိုင်အောင်ပင် များပြားလှချေသည် ။

ဒီလို ရိုးရိုးတန်းတန်း ချီးမွမ်းခန်းဖွင့်ရုံလောက်နဲ့လားဆိုတော့ မဟုတ်ပြန်ပါ ။ ချမ်းအား ထိုလူကြီးကို အတုယူပြီး ထိုလူကြီးကဲ့သို့ တော်စေချင် ထက်မြက်စေချင်ကြောင်း ထပ်တလဲလဲ သြဝါဒအပေးခံရသည့်အခါတွင်ကား ချမ်းအမြင်တို့က ထိုလူကြီးအပေါ် တဖြည်းဖြည်းဆိုးဝါးလာပါတော့သည် ။

လူချင်းအတူတူ သူက ဘာမို့လို့လဲ ဆိုသည့် မနာလိုအတွေးက အလုံးအရင်းနှင့်ဝင်၏ ။ အဲ့လိုဝင်လို့ ကြိုးစားချင်စိတ်များ ဖြစ်လာသလားဆိုတော့ မဟုတ်ပြန် ။ ပျင်းမြဲ ပျင်းဆဲပင် ။ ရလဒ်ဆိုလို့ ထိုလူကြီးအား အမြင်ကတ်ပြီး မုန်းတီးမိလာတာပဲ အဖတ်တင်သည် ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now