အပိုင်း - ၂၇ (Zawgyi + Unicode)

21K 2.6K 208
                                    

#For Zawgyi

ဦးသာက သူ့ဦးလေးဖြစ်သူ နိုင်နိုင့်ကိုတော့ တော်တော်လေး သံယောဇဉ်ရှိပုံရလေသည် ။

" အဲ့ဒီတုန်းက ငါ့အဖေ နိုင်နိုင့်ကိုလက်သီးနဲ့ထိုးတာများ နိုင်နိုင့်ခမျာ တစ်ပတ်လောက်ကို ဆန်ပြုတ်သောက်နေလိုက်ရတယ် ၊ ပြီးတော့ ခြံထဲက မြက်ခင်းပြင်မှာ ဘောင်းဘီတိုလေးတစ်ထည်ပဲပေးဝတ်ပြီး နေပူလှမ်းထားသေးတာ "

" ဦးသာအဖေက နိုင်နိုင် Gay ဆိုတာကို ဘယ်လိုလုပ်ပြီး သိသွားတာလဲဟင် "

" နိုင်နိုင်ရည်းစားထားတယ်ဆိုတာကိုသိလို့ စုံစမ်းတော့ အဲ့ဒီရည်းစားက ယောက်ျားလေးတစ်ယောက်ဖြစ်နေခဲ့တယ်လေ "

" အဲ့ဒါ ကိုခွန်စိုင်းနောင်လား "

" မဟုတ်ဘူး ၊ ကိုနောင်နဲ့နိုင်နိုင်က ငါ ကနေဒါကိုထွက်သွားပြီးမှတွေ့ကြတာ "

" ဒါဆို နိုင်နိုင့်ရဲ့အဲ့ဒီရည်းစားက ဘယ်ရောက်သွားတာလဲ "

" လက်စဖျောက်ခံလိုက်ရတယ် "

" ဟင်.... "

" ဟုတ်တယ် ၊ ဘယ်သူသတ်လို့ သတ်သွားမှန်းမသိတဲ့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ရဲ့ သေဆုံးမှုသတင်းက အဲ့ဒီအချိန်တုန်းက ငါတို့မြို့မှာ ဟိုးလေးတကျော်ကျော်ပေါ့ ၊ တရားခံကလည်း ခုချိန်ထိ မပေါ်ခဲ့ပါဘူး "

" ဟို ဟို....မဟုတ်မှ အဲ... "

တရားခံဟာ ဦးသာအဖေများလားဆိုပြီး ရုတ်တရက် အတွေးထဲပေါ်လာမိတာကို မထိန်းချုပ်လိုက်နိုင်ဘဲ လွှတ်ခနဲပြောလိုက်မိတော့ ဦးသာက ချမ်းပြောချင်တဲ့အဓိပ္ပါယ်ကို သဘောပေါက်သလို ခပ်နွမ်းနွမ်း ပြုံးသည် ။

" အင်း မင်းအခုတွေးနေသလိုပဲ နိုင်နိုင်ကလည်း အဲ့လိုပဲ ထင်သွားတယ် ၊ တကယ်ဟုတ်မဟုတ်ဆိုတာကတော့ ဘုရားနဲ့ကာယကံရှင်ပဲ သိလိမ့်မယ် "

" အဲ့ဒီနောက် ဘာဆက်ဖြစ်ကြလဲဟင် "

" နိုင်နိုင့်ကို နယ်စပ်ဘက်က စံအိမ်တစ်ခုဆီ အကျယ်ချုပ်ပုံစံမျိုးနဲ့ ပို့လိုက်ပြီး ငါ့အဖေရဲ့လူယုံတစ်ချို့နဲ့ စောင့်ကြည့်ထိန်းသိမ်းခိုင်းထားလိုက်တယ်.....

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now