အပိုင်း - ၄၇ (Zawgyi + Unicode)

27.4K 2.7K 494
                                    

#For Zawgyi

ကားဘရိတ်အုပ်သံ ဆူညံသံတွေနဲ့အတူ သတိပြန်ကပ်မိချိန် ချမ်းတစ်ကိုယ်လုံးက ဦးသာရင်ခွင်ထဲမှာ ။ ခုနက ချမ်းတိုက်မိပြီလို့ထင်လိုက်မိတဲ့ကားက ချမ်းတို့နဲ့တစ်ပေအကွာလောက်မှာ ရပ်တန့်နေလျက် ။

ဒါဆို ချမ်း ကားတိုက်မခံရဘူးပဲ ။

ရုတ်တရက်ဖြစ်ပွားသွားတဲ့ ဒီအခြေအနေကြားမှာ ချမ်းရဲ့အသိစိတ်တို့က ဝေဝေဝါးဝါး ။

ဦးသာအားမော့ကြည့်မိတော့ ချမ်းအား မချိတင်ကဲပုံစံနှင့် ငုံ့မိုးကြည့်နေကာ

" ဘယ်လိုလုပ်လိုက်တာလဲ ချမ်းရယ် ၊ ဘယ်လိုလုပ်လိုက်တာလဲကွာ "

မေးကြောတွေပါတင်းကာ နီရဲပျက်ယွင်းနေတဲ့ဦးသာရဲ့မျက်နှာကို ခပ်ဖွဖွလှမ်းကိုင်မိရင်း

" ဦးသာ ဘာမှမဖြစ်ဘူးမဟုတ်လား "

" ချမ်းရာ... "

ထူး လက်ပေါ်မှာ ခပ်ဖွဖွပွေ့ထားသည့်ခန္ဓာကိုယ်ပါးလှပ်လှပ်လေးအား ရင်ခွင်ထဲသို့မြုပ်နေအောင် ဆွဲဖက်ထားမိတော့သည် ။

" မင်းလေးတစ်ခုခုဖြစ်သွားရင် ကိုယ်ရင်ကျိုးမှာကိုမသိလို့လား ချမ်းရယ် "

" ဦးတစ်ခုခုဖြစ်သွားရင်လည်း ကျွန်တော်ရင်ကျိုးရမှာမို့လို့ပါ "

ရင်ခွင်ထဲက ကလေးလေး၏ ထိုတိုးဖွဖွအသံလေးက ထူးရဲ့နားစည်မှသည် နှလုံးသားထိတိုင် အကြိမ်ကြိမ်ရိုက်ခတ်ပါလေ၏ ။

အသည်းတွေလည်း ကြွေရပါသည်လေ ။

ထို့နောက်မှာတော့ သူငယ်ချင်းတွေနဲ့စုပြီးလာတာမို့ ကားပါမလာဘူးဆိုတဲ့ ထိုကလေးအား ထူးရဲ့ကားဆီသို့သာ ပွေ့ချီခေါ်လာခဲ့ရတော့သည် ။

" ကျွန်တော် ဘာမှမဖြစ်ဘူး ၊ လမ်းလျှောက်နိုင်ပါတယ် "

" ပါးစပ်ပိတ်ပြီးငြိမ်ငြိမ်လေး လိုက်ခဲ့ ချမ်း ၊ မဟုတ်ရင် ကိုယ်ဘာလုပ်မိမယ်မသိဘူး "

ခပ်တည်တည်နဲ့ပြောမှ ကုပ်ခနဲငြိမ်ကျသွားသည့်ကောင်လေး ။

ကားထဲရောက်မှ ဒဏ်ရာရသွားသည့်နေရာတွေကို စစ်ဆေးရသည် ။

" ကျွန်တော် တံတောင်ဆစ်ပဲ နည်းနည်းပွန်းသွားတာပါ ဦးသာရဲ့ ၊ ကျန်တာ တစ်ကိုယ်လုံးအကောင်းပဲ ၊ ဒီမှာကြည့် "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now