အပိုင်း - ၄၄ (Zawgyi + Unicode)

27.1K 2.8K 698
                                    

#For Zawgyi

မျက်နှာပေါ်ကျလာတဲ့ အလင်းရောင်နဲ့အတူချမ်း အိပ်ယာနိုးလာသည် ။ မျက်လုံးဖွင့်လိုက်သည်နှင့် မြင်လိုက်ရတဲ့အခန်းမြင်ကွင်းကြောင့် နှုတ်ခမ်းက အလိုမကျစွာ အလိုလိုထော်ထွက်လာရ၏ ။

သူ့အခန်းထဲမှာပေးအိပ်ဖို့ တွန့်တိုတတ်သူကြီးက ချမ်းကို အခန်းထဲအထိ အရောက်ပြန်ပို့ပေးသွားတယ်ပေါ့လေ ။ အိပ်ပျော်သွားတာကိုတောင် ရအောင်ပြန်ပို့ပေးသွားတယ်ဆိုတော့ ဒီလူကြီးက အဆုံးထိကို စမတ်ကျသွားဖို့ ဆုံးဖြတ်ထားပုံရလေ၏ ။

အယ်...ဒါနဲ့ အိပ်ပျော်နေတဲ့ချမ်းကို ဒီအခန်းထဲရောက်အောင် ပြန်ပို့ဖို့ဆိုတာ ပွေ့ချီလာမှပဲ ရတာမဟုတ်လား ။ ဒါဆို ဦးသာက ချမ်းကို ပွေ့ချီလာခဲ့တာပေါ့ ။ အတွေးထဲမှာ ကိုယ့်ဟာကိုယ် ပုံဖော်မြင်ယောင်ကြည့်ရင်းက ပြုံးစိစိနှင့်သဘောတကျဖြစ်သွားမိသည် ။

ဒါပေမယ့်လည်း ဦးသာအနားကပ်ဖို့ကို အခုလိုပဲ ကူလီကူမာ ဥာဏ်နီဥာဏ်နက်တွေ အမြဲထုတ်သုံးနေရမယ်ဆိုတာကတော့ သိပ်ပြီးအဆင်ပြေမနေပါ ။ ဦးသာဟာ အရာရာကို ငဲ့ကွက်ပြီး ထိန်းချုပ်လွန်းလှသည် ။ ဒီလိုသာ အမြဲတမ်း ထိန်းသိမ်းနေတတ်ရင် ရေရှည်မှာ ချမ်းအနား အမြဲရှိနေဖို့တောင် သေချာပါ့မလားလေ ။ အကယ်၍ ပတ်ဝန်းကျင်ကရိုက်ခတ်မှုမျိုးတွေများရှိလာခဲ့ရင် ချမ်းကိုငဲ့ပြီး ထွက်သွားတာတွေဘာတွေတောင် မလုပ်ဘူး မပြောနိုင် ။

အတွေးနဲ့တင် ထိတ်လန့်ရပါသည် ။ ထိုကဲ့သို့တော့ အဖြစ်မခံနိုင်ပါ ။ တစ်ခုခုတော့ ကြံမှဖြစ်တော့မည် ။

ချမ်း ရေမိုးချိုးပြီး အပေါ်ထပ်ကဆင်းလာတော့ မေတို့က breakfast တောင် စားနေကြလေပြီ ။ ဝတ်ထားတဲ့အဝတ်အစားတွေက ပုံမှန်ထက်များ သစ်လွင်နေကြသလားလို့ ။ အရီးကအစ ပါတိတ်ဝမ်းဆက်တွေဘာတွေနဲ့ဖြစ်နေတာ ။

" အပြင်သွားကြမလို့လား "

" ဟုတ်တယ် ချမ်းလေးရေ ၊ မိသားစုစုံစုံလင်လင် ဘုရားသွားကြမလားလို့လေ ၊ မင်းလေးငယ်လည်း အားတယ်ဆိုလို့ "

" ဒါဆို ဘုရားကအပြန်ကျ ကန်တော်မင်က ရွှေဘဲမှာ နေ့လည်စာစားရအောင်လေ နော် မေ့ ၊ ချမ်း ဘဲကင်စားချင်လို့ "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now