အပိုင်း - ၁၂ (Zawgyi + Unicode)

22.5K 2.8K 313
                                    

#For Zawgyi

" ဒါနဲ့လေ...ဦးသာက နိုင်ငံခြားကိုရော ဘာလို့ထွက်သွားတာလဲ လေးငယ် "

" ဒီအဖေရဲ့အရိပ်အောက်မှာ မနေချင်လို့မှ ကလေးသာသာအရွယ်ကတည်းက လေးငယ်တို့နဲ့နေခဲ့တာလေ ၊ ဒါပေမယ့်လည်း ဘယ်လောက်ပဲ သူ့အဖေနဲ့ကင်းအောင်နေနေ သူဟာ ဦးခွန်သာ သားမှန်း သိတဲ့သူကတော့ သိနေကြတာပဲကိုး ၊ အဲ့တော့...သူ ဒီမြေမှာကို မနေပျော်တော့တာ ၊ အဲ့ဒီအချိန်မှာပဲ ထွက်ပြေးသွားတဲ့ သူ့အမေက ကနေဒါကနေ သူ့ကို ပြန်ဆက်သွယ်လာတာနဲ့ သူ ဒီကနေ ထွက်သွားဖြစ်တာပေါ့လေ "

" အဲ့ဒီအမေက ထွက်ပြေးတုန်းက ပြေးသွားပြီး ဘာလို့ပြန်ခေါ်နေသေးလဲ "

ချမ်းစိတ်ထဲမှာ ဦးသာ,သာ ကနေဒါကို ထွက်မသွားခဲ့ရင် ချမ်းတို့အတူတူ ကြီးပြင်းလာရမှာပဲဆိုတဲ့အတွေးက မဆီမဆိုင် အံ့အားသင့်စရာကောင်းစွာ ဝင်လာ၏ ။

အဲ့လိုသာ အတူတူနေဖြစ်ခဲ့ရင် ဦးသာလည်း ခုလိုမျိုး ချမ်းအပေါ်ကို မကြည်မလင်နှင့် စိမ်းသက်နေမယ်မထင် ။ လေးငယ်နဲ့ချမ်းနဲ့လိုပဲ ရင်းနှီးနေကြမှာ အသေအချာပါ ။

ကလေးဆန်ဆန် ထိုအတွေးကြောင့် ပစ်သွားတုန်းက သွားပြီး နောက်မှပြန်ခေါ်တယ်ဆိုတဲ့ ဦးသာအမေဆိုသူအပေါ် စိတ်က ကွက်ချင်သလိုလို ။

" ဦးသာကရော...ကိုယ့်ကို ပစ်ထားခဲ့တဲ့အမေဆီကိုများ အမှတ်မရှိ လိုက်သွားရလား "

" ကဲ ချမ်းရယ်... ဘာမှလည်းမသိဘဲ သူများအမေကို ဘာလို့လျှောက်ပြီး အပြစ်တင်နေတာတုန်း ၊ ထူးအမေက ထူးကို ပစ်ထားခဲ့တယ်ဆိုတာက ဘာအာမခံချက်မှမရှိဘဲ မရေမရာနဲ့ အဆင်ပြေသလို ရုန်းကန်ရမယ့်ဘဝမို့ သူ့သားလေးကို ခေါ်မသွားနိုင်တာလေ ၊ သူ့ဟာသူ ကြိုးစားရပ်တည်ရင်း အဆင်ပြေတဲ့အချိန်ကျမှ ပြန်ခေါ်နိုင်တာပေါ့ ၊ ထူးလိုက်သွားတော့လည်း ဟိုမှာပဲ ကျောင်းထားပေးပြီး ထူးအပေါ် မိခင်တစ်ယောက်အနေနဲ့ ပျက်ကွက်ခဲ့တာတွေအတွက် အစစအရာရာ ပြန်ပြီးဖြည့်ဆည်းပေးရှာတဲ့ အမျိုးသမီးပါ "

" ဦးသာလိုက်သွားမယ်ဆိုတော့ လေးငယ်တို့က မသွားဖို့မတားကြဘူးလား "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now