#For Zawgyi
ထိုအချင်းအရာတွေဖြစ်ပြီးနောက်ပိုင်း ချမ်းနဲ့ဦးသာကြားမှ အကွာအဝေးဟာ တဖြည်းဖြည်းကျဉ်းမြောင်းလာကာ နှစ်ယောက်သားက ပိုမိုနီးကပ်လာခဲ့ပါသည် ။ စာမေးပွဲဖြေရဖို့ရက်ကလည်း သိပ်မလိုတော့တာမို့ စာတွေသင်ရင်းနှင့် အတူတူရှိချိန်တွေကလည်း ပိုများလာခဲ့၏ ။
တစ်ရက်မှာ မိသားစု ညစာထမင်းစားကြရင်း
" ချမ်း မင်း စာတွေပိုင်နေပြီလား "
" ဟုတ် လေးငယ် ၊ ပိုင်နေပြီ "
ချမ်းရဲ့အဖြေကို လေးငယ်က မယုံသလိုနှင့်
" ချမ်းပြောတာ ဟုတ်သလား ထူး "
" အင်း သူ တကယ်ပိုင်နေပြီ "
" ငါ့တစ်သက် ချမ်း စာတွေပိုင်နေပြီဆိုတဲ့စကားကို ဒါ ပထမဆုံးကြားဖူးတာပဲ ဟားဟား.... "
" ထူးလေးရဲ့ကျေးဇူးတွေပဲ မောင်လေးရေ "
မေကပါ သဘောတကျဝင်ပြောလာတော့ ချမ်း နှုတ်ခမ်းစူမိတော့သည် ။
" ချမ်း စာကြိုးစားတာကျ ထည့်မပြောဘူး "
ချမ်းစကားကို မေနဲ့လေးငယ်ကတော့ ရယ်လို့သာနေသည် ။
" ချမ်းပြောတာ ဟုတ်သားပဲ မမရဲ့ ၊ ကျွန်တော် ဘယ်လောက်ပဲသင်ပေးသင်ပေး ချမ်းကိုယ်တိုင်က ကြိုးစားလို့သာ ဒီလိုအခြေအနေဖြစ်လာတာပါ ၊ သူသာ ကြိုးစားချင်စိတ်မရှိရင် ကျွန်တော်လည်း ဘာတတ်နိုင်မှာလဲ "
" အေးပါကွာ ၊ ငါ့တူလေးက တော်ပါတယ် ၊ ဟုတ်ပြီလား ဟားဟား... "
" မေ့သားလေး အတော်ဆုံး.... မေ့သားလေး အတော်ဆုံး "
" ဒါဆို စာမေးပွဲပြီးရင် ကျွန်တော့်ကို ခရီးတစ်ခုခု လိုက်ပို့ပေးရမယ် "
" ဟုတ်ပြီ ဟုတ်ပြီ လိုက်ပို့မယ် "
" မေရော လေးငယ်ရော ဦးသာရော အကုန်ပါရမှာနော် "
" ဟင် ငါရောလား "
မျက်လုံးပြူးလျက် မေးလာသော ဦးသာကို ခပ်စွေစွေကြည့်ရင်း
" ပါရမှာပေါ့ ၊ ကျွန်တော် တစ်နှစ်လုံးကြိုးစားထားတာကို ဦးသာက လိုက်မပို့ချင်ဘူးလား "
YOU ARE READING
အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed
Romance#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေး...