အပိုင်း - ၁၀ (Zawgyi + Unicode)

23.2K 2.6K 121
                                    

#For Zawgyi

မုန့်စားဆင်းချိန်ရောက်တော့ ရေခဲကောင်က သူ့ထမင်းဘူးသူ ဖွင့်စားနေသဖြင့် မုန့်ဈေးတန်းကို သွားဖို့ရာ အဖော်ညှိမနေတော့ဘဲ နိုင်ဘုန်းတစ်ယောက်တည်းသာ ထွက်လာခဲ့လိုက်တော့သည် ။ အားတင်း၍သာ ထွက်လာခဲ့ရသော်လည်း စိတ်ထဲတော့ အတော်ကို အားငယ်နေမိတာပင် ။

ဖြစ်နိုင်လျှင် ကိုယ်အကျွမ်းတဝင်မရှိတဲ့ လူအများကြီးနဲ့ မုန့်ဈေးတန်းကို နိုင်ဘုန်းမလာချင်ပါ ။ အိမ်ပြောင်းကာစ သားအဖနှစ်ယောက်တည်းမို့ ချက်ပြုတ်ဖို့အဆင်မပြေသေးတဲ့အတွက် ထမင်းဘူးလည်း ထည့်မလာနိုင်တာမို့သာ ဒီမုန့်ဈေးတန်းကို မလာချင်ဘဲ လာနေရတာဖြစ်သည် ။

ဟိုမုန့်ဒီမုန့် ဂျီးမများနိုင်ဘဲ ဗိုက်ပြည့်လွယ်သည့် ပေါင်မုန့်နဲ့ နို့အေးဘူးကိုပဲ အလျင်အမြန်ဝယ်ကာ စာသင်ခန်းဘက် ခပ်သွက်သွက်လျှောက်လာလိုက်သည် ။ နိုင်ဘုန်းတစ်ယောက်ခမျာ ကံကဆိုးချင်တော့ ခလုတ်တိုက်ကာ လဲလေတော့သည် ။ လဲတာမှ ခြေပစ်လက်ပစ် ဝမ်းလျားထိုးကြီးကို လဲတာဖြစ်၏ ။

ချော်လဲလို့ နာသွားတာကတစ်မျိုး ဘေးနားက ကျောင်းသားတွေက ဝိုင်းရယ်ကြလို့ ရှက်သွားတာက တစ်ဖုံနဲ့ ခပ်ဝေးဝေးကို လွင့်ထွက်သွားတဲ့မုန့်တွေကိုလည်း ထ,မကောက်ရဲဘဲ နိုင်ဘုန်း မျက်ရည်ပင် လည်လာမိသည် ။

ထိုစဉ် သူ့လက်မောင်းကနေ ခပ်သာသာ ဆွဲထူခြင်းခံလိုက်ရ၍ အံ့သြတကြီး မော့ကြည့်လိုက်တော့

ထူးချွန်သာ....။

" ရလား ၊ ထနိုင်လား နိုင်ဘုန်းလူ "

ရေခဲကောင်ကို မြင်လိုက်ရချိန်မှာ အားကိုးရာတစ်ခုရသွားသကဲ့သို့ နိုင်ဘုန်းစိတ်ထဲ ဘယ်လိုအားတက်သွားမှန်းကို မသိ ။ သူက နိုင်ဘုန်းရဲ့ ဘောင်းဘီမှာ ပေနေသမျှဖုန်တွေကို ခပ်သွက်သွက်ခါပေးပြီး ပြုတ်ကျသွားတဲ့ မုန့်တွေကိုပါ ပြန်ကောက်ပေးသေးသည် ။

ပြီးနောက် သူချော်လဲတုန်းမှာ ဘေးနားက ဝိုင်းရယ်ကြသော ကျောင်းသားတွေဘက်လှည့်ကာ

" နောက်တစ်ခါ သူများဒုက္ခရောက်တာကို မြင်နေရက်နဲ့ မကူညီဘဲ ခုလို လှောင်နေတာမျိုး ထပ်လုပ်ရင် မင်းတို့အားလုံး ငါနဲ့တွေ့မယ် "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now