အပိုင်း - ၅ (Zawgyi + Unicode)

26.3K 3.1K 178
                                    

#For Zawgyi

ရဲစခန်းထဲမှထွက်လာပြီးကတည်းက စကားတစ်ခွန်းမှမပြောဘဲ ကားမောင်းနေသော လူကြီးကို မရဲတရဲ စောင်းငဲ့ကြည့်ရင်းက ချမ်း စိတ်အိုက်နေမိသည် ။ ကိုယ်မရင်းနှီးတဲ့...အထူးသဖြင့် စိတ်ထဲသိပ်ပြီးကြည့်မရဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ အကူအညီကို ယူလိုက်ရတဲ့အပေါ်မှာလည်း ချမ်းစိတ်တို့က တကယ်ကို မသက်သာ ။

အချုပ်ထဲမှာ တစ်ညလောက်တော့ အိပ်ရပြီမှတ်တာ ။ လူကြီးက ဘယ်လိုများပြောပြီး ချမ်းအား ခေါ်ထုတ်လာသည်မသိ ။ တကယ်တော့ ဘယ်လိုပဲ စိတ်ကိုတင်းထားတင်းထား ချမ်း ကြောက်နေခဲ့တာပါ ။ ဘယ်လောက်ပဲ ဆိုးဆိုး ၊ တရားဥပဒေနဲ့မလွတ်ကင်းတာမျိုးကိုတော့ ချမ်း ဘယ်သောအခါမှ မလုပ်ခဲ့တာက တကယ်မှန်သောသစ္စာ ။ ချမ်း ဆိုးတယ်ဆိုတာ လူငယ်သဘာဝ ပျော်ပါးချင်တာပဲ ရှိပါသည် ။

ဒီနေ့ဆိုလည်း အဖမ်းခံလိုက်ရသည့် ရာဇာဆိုတဲ့တစ်ယောက်က ဆေးချတယ် ဘာညာနဲ့ နာမည်နည်းနည်းထွက်နေတာမို့ သူ့အား ပါတီမှာ မဖိတ်ဖို့ သူငယ်ချင်းတွေအား ချမ်း တားပါသေးသည် ။

သို့သော်လည်း သူတို့အမြင်မှာ ချမ်းက အစိုးရိမ်ကြီးတတ်သည့် လူငယ်မဆန်သည့်သူတစ်ယောက် ဖြစ်သွားတော့သည် ။ ဒါနဲ့ပင် ဘော်ဒါတွေကြားမှာ အတိုက်အခံမလုပ်တော့ဘဲ အလိုက်အထိုက်နေလိုက်မိခြင်းက အမှားကြီးတစ်ခုဖြစ်သွားရတော့တာပင် ။

လေးငယ်ရော မေမေရော မရှိသည့်အချိန်မှာမှ အခုလိုဖြစ်သွားရသည့်အတွက် အဖမ်းခံလိုက်ရတဲ့အချိန်ကစ,လို့ ရဲစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ တောက်လျှောက် တစ်ချိန်လုံး ချမ်း အကြီးအကျယ်ကို တုန်လှုပ်နေခဲ့မိတာ ။ ဒီလူကြီး လာလိမ့်မယ်လို့လည်း တကယ်ကို မျှော်လင့်မထားဘဲ ကူကယ်ရာမဲ့နေသလို ခံစားချက်ကြီးနှင့် အားငယ်နေခဲ့မိသည်လေ ။

မေသာ ချမ်းအခုလိုဖြစ်တာကိုသိရင် အရမ်းကို စိတ်မကောင်းဖြစ်ရှာမှာ ။ မေ့အကြောင်းကို တွေးမိတော့ လူက ထိတ်ခနဲဖြစ်ကာ

" လူကြီး...ကျွန်တော် ခုလိုဖြစ်တာ မေ...မေ သိသွားပြီလားဟင် "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now