အပိုင်း - ၃၄ (Zawgyi + Unicode)

20.9K 2.5K 426
                                    

#For Zawgyi

" ဘာဖြစ်လို့လဲဆိုတော့ ငါက Gay "

" ဘာ !!! "

ဒီလူကြီး အခု ဘာပြောလိုက်တာလဲ ။ ချမ်း နားကြားမှားတာလား ။

ချမ်း ကြားလိုက်တဲ့စကားက တကယ်မဟုတ်ဘူး မဟုတ်လား ။ တဆိတ်...မဟုတ်ဘူးလို့ ပြောလိုက်စမ်းပါ ။

" အဲ့ဒါကြောင့် မင်းကြားလာတဲ့သတင်းတွေအပေါ်မှာ မမကို အထင်မလွဲပါနဲ့ ၊ မမက မင်းအပေါ်မှာ အမြဲတမ်း အမေပီသခဲ့ပါတယ် ချမ်းရယ် "

" ခဏလေး...ခဏလေး ၊ ခုနက ပြောလိုက်တဲ့စကားကို ပြန်ပြောစမ်းပါ "

ချမ်းရဲ့ အေးစက်စက်စကားသံကြောင့် ဦးသာဟာ အနည်းငယ်တုန်လှုပ်သလိုဖြစ်သွားသော အမူအရာနှင့်အတူ နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ကာသက်ပြင်းတစ်ချက်ချလိုက်ပြီး

" ငါက Gay "

ကြားလိုက်ရတာက စကားလေး သုံးလုံးထဲပါ ။ ဒါပေမယ့် ချမ်းအတွက်တော့ ဖြတ်ရိုက်ခံလိုက်ရသကဲ့လို့ အပြင်းထန်ဆုံးခံစားလိုက်ရသည် ။

ချမ်း လေးစားခဲ့ရတဲ့ ၊ အားကိုးခဲ့ရတဲ့ ၊ သံယောဇဉ်ကြီးခဲ့ရတဲ့ ၊ ကိုယ့်ရဲ့ Hero တစ်ယောက်လို... Idol တစ်ယောက်လို ကိုးကွယ်ခဲ့ရတဲ့ ဦးသာက Gay တစ်ယောက်တဲ့လား ။

ဒါဆို...ဒါဆို ဦးသာက ရည်းစားမထားဖူးသည့်တိုင်အောင် ယောက်ျားလေးတွေကိုတော့ စိတ်ထဲကဖြစ်ဖြစ်သဘောကျခဲ့ဖူးတယ်ဆိုတဲ့ သဘောပေါ့ ။

ဟင့်အင်း...ဦးသာက အဲ့လိုလူမျိုးမဖြစ်ရဘူး ။

စိတ်ထဲတွေးကြည့်ရုံနဲ့တင် မခံစားနိုင်သလိုကြီးဖြစ်လာကာ စိတ်တို့က ယောက်ယက်ခတ်လျက် တစ်စုံတစ်ခုကို ပေါက်ပေါက်ကွဲကွဲလုပ်ပစ်ချင်လာသည် ။

ဒီလောက်အထိ အတူတူစား အတူတူအိပ် နီးနီးကပ်ကပ်နေခဲ့ပြီး ချမ်းကို ဖွင့်မပြောဘဲ နေခဲ့ခြင်းက ချမ်းအပေါ် လိမ်ထားတာနဲ့အတူတူပဲမဟုတ်ဘူးလား ။ ဘာကြောင့်ပွင့်ပွင့်လင်းလင်း ဖွင့်မပြောခဲ့တာလဲ ။

ဘာလို့ ဒီအချိန်ကျမှ.... ။ ချမ်းအပေါ် အမြတ်ထုတ်လိုစိတ်နဲ့ပဲ တမင်ရည်ရွယ်ချက်ရှိရှိမပြောဘဲ နေခဲ့တာလား ။ ကိုယ်ကတော့ သူ့ကို ဒီလိုယောက်ျားချင်းကြိုက်တတ်တဲ့သူမှန်းမသိလို့ ယုံယုံကြည်ကြည်နဲ့ ရင်းရင်းနှီးနှီးနေခဲ့မိတာလေ ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now