A/N

13.2K 1.1K 128
                                    

#For Zawgyi

Extra မဟုတ်လို့ စိတ်ညစ်မသွားကြပါနဲ့နော် ။ ကိုယ် ပြောချင်တာလေး နည်းနည်းရှိလို့ပါ ။

Ending ပြီးသွားကတည်းက မန့်တွေမှာ ၊ cb မှာ ၊ msg box မှာ ဖြေရှင်းနေရတာလေးတစ်ခုရှိပါတယ် ။ အဲ့ဒါက မိုးယံ နဲ့ လူလူ အမျိုးမတော်ဘူးလား ဆိုတဲ့ ကိစ္စပါ ။

သူတို့ ၂ ယောက် အမျိုးမတော်ပါဘူးနော် ။

မိုးယံက ချမ်းအဖေရဲ့ တူတစ်ဝမ်းကွဲဖြစ်ပြီး လူလူက ချမ်းအမေရဲ့ မောင်အရင်းပါ ။ ဒါ့ကြောင့် သူတို့ ၂ ယောက်က ဟိုဘက်အမျိုး ဒီဘက်အမျိုးမို့ သွေးသားမတော်စပ်သလို ၊ သူတို့ချင်းသီးသန့်ဆိုရင် ဘာမှမတော်ပါဘူး ။

နောက်တစ်ခုက အမျိုးမတော်ရင် သူတို့အတွက် ဇာတ်လမ်းလေး ရေးပေးပါ လို့ တောင်းဆိုကြတဲ့ကိစ္စပါ ။

သူတို့အတွက်ကို reader တွေစိတ်ကြိုက် open ending သဘောမျိုးပဲ ထားချင်တာကြောင့် side story ရေးဖို့က စိတ်ကူးမရှိသေးဘူးလို့ပဲ ပြောပါရစေ ။ (နောင်မှ စိတ်ကူးပြောင်းပြီး ရေးချင်စိတ်ပေါက်လာရင်တော့ တစ်မျိုးပေါ့ 😁) ကိုယ့်စိတ်ကလည်း မျောက်စိတ်ဆိုတော့ အတပ်တော့လည်း မပြောနိုင်ဘူးရယ်...။ 🥴

ပြီးတော့ မန့်တွေကို reply ပြန်တဲ့အကြောင်းလေးလည်း နည်းနည်းပြောချင်ပါတယ် ။ အဓိက,ကတော့ တောင်းပန်ချင်တာပါ ။

ဒီရက်ထဲမှာ Fic လေးကို Reader တွေက စေတနာအပြည့်ထားပြီး ဝိုင်းညွှန်းပေးကြတာကြောင့် ကိုယ့်ဆီမှာ ဖတ်လို့မနိုင်အောင်ကို Noti တွေ အရမ်းတက်နေပါတယ် ။ ကိုယ်လို ပါချီပါချက်ကောင်တစ်ယောက်အတွက် ဒီလို Noti တွေ တက်လာတဲ့အပေါ်မှာ တကယ်ကို shock အကြီးကြီးရတာပါပဲ ။

Vote noti တွေကြားမှာလည်း ment noti တွေက ပျောက်ကုန်ပါတယ် ။ အဲ့ဒါကြောင့် လတ်တလောမှာ reply မပြန်နိုင်သေးတာတွေအတွက် နားလည်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ပါရစေနော် ။ ကိုယ်က ပုံမှန်ဆိုရင် reply အမြဲပြန်ပေးတတ်တယ်ဆိုတာ ongoing စောင့်ဖတ်လာတဲ့ reader လေးတွေ အသိဆုံးဖြစ်မှာပါ ။ အခုက အခက်အခဲလေးတွေ ရှိနေတာကြောင့် မပြန်နိုင်သေးပေမယ့် နောက်ပိုင်းမှာ နည်းနည်းစီ reply လုပ်သွားပါ့မယ်ဆိုတာလေးလည်း ပြောချင်လို့ပါ ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now