အပိုင်း - ၁၅ (Zawgyi + Unicode)

23.9K 2.8K 279
                                    

#For Zawgyi

ချမ်း ကားမောင်းနေစဉ် ဦးသာက သီချင်းဖွင့်ဖို့ ရွေးနေလေသည် ။ သူက ရဲရင့်အောင်တို့ , G Fatt တို့ သီချင်းတွေကိုသာ ကြိုက်ပေမယ့် ဦးသာကတော့ အာဇာနည်တို့ , အဲလက်စ်တို့ , ဇော်ပိုင်တို့ကို ကြိုက်လေ၏ ။ ဦးသာနဲ့အပြင်သွားတိုင်း အကြိုက်မတူတဲ့ ချမ်းတို့နှစ်ယောက်က အမြဲငြင်းခုန်ရလေ့ရှိသည် ။

ဒါပေမယ့်လည်း ဒီနေ့တော့ အရင်လို ကပ်ဖဲ့တိုက် ငြင်းခုန်နေဖို့ ချမ်းမှာ ဆန္ဒမရှိ ။ အကိုမိုးယံက ဦးသာနဲ့အပြိုင် ဆွေးနွေးနိုင်တာကို မြင်လိုက်ရပြီးနောက်ပိုင်း ဦးသာရဲ့အကြိုက်တွေကို သူ စိတ်ဝင်စားလာမိသည် ။ ဦးသာဖတ်တဲ့စာအုပ်တွေကို လိုက်ဖတ်ကြည့်ချင်လာသလို ဦးသာ နားထောင်တဲ့သီချင်းတွေကိုလည်း လိုက်နားထောင်ကြည့်ချင်လာသည် ။

ဒါဆိုရင် သူနဲ့ဦးသာကြား ဒီထက်ပိုပြီး chemistry ကျကျ ဆက်ဆံနိုင်လိမ့်မည်ထင်သည် ။ အရင်တွေ့စ,ကထက်စာရင် ဘယ်လောက်ပဲ ရင်းနှီးလာတယ်ပြောပြော မျက်လုံးနဲ့ကြည့်လို့ မမြင်နိုင်တဲ့, စကားနဲ့ရှင်းပြလို့ သဘောမပေါက်နိုင်တဲ့ စိမ်းသက်မှုအလွှာပါးပါးလေးတစ်ခုက သူတို့ကြားမှာ ရှိကိုရှိနေသေးတယ်ဆိုတာ သူ အလိုလို ခံစားမိနေသည် ။

ဓါးနဲ့လည်း ဖြတ်မရ, မီးနဲ့လည်း မြှိုက်မရတဲ့ သူတို့နှစ်ယောက်ကြားက ထိုစိမ်းသက်မှုအလွှာပါးအား ခံစားချက်နှင့်ပင် ရအောင်ပယ်ဖျက်ပစ်ပါမည် ။ တစ်နေ့တော့ ဦးသာနဲ့မေနဲ့ကြားက ဆက်ဆံရေးလို, ဦးသာနဲ့လေးငယ်ကြားက ဆက်ဆံရေးလို သူနဲ့ဦးသာကြားက ဆက်ဆံရေးဟာလည်း ပကတိ အရှိကို အရှိအတိုင်း ရင်းနှီးနိုင်စေရမည် ။

ဦးသာ စောင့်ကြည့်နေပါ ။ အဲ့ဒီဆက်ဆံရေးမျိုးကို ဦးသာနဲ့ကျွန်တော့်ကြား ရအောင်တည်ဆောက်ပြမှာမို့ ။

ဦးသာဖွင့်လိုက်တဲ့ သီချင်းသံက ကားထဲမှာ လွင့်ပျံလာသည် ။ အဆိုတော် ဇော်ပိုင်ရဲ့ "မင်းနဲ့မှချစ်တတ်ပြီပေါ့" သီချင်း ။

🎶 အချစ်အကြောင်းများ မသိခဲ့ဘူး ငယ်စဉ်က အသက်အရွယ်မှာ
ရူးလောက်တဲ့ အချစ်မျိုးလည်း ကိုယ်တိုင်မတွေ့မိသေးပါ 🎶

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now